သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားက ဟီလာရီကလင်တန် ကို သမ္မတအရည်အချင်းနဲ့ ပြည့်ဝသူအဖြစ် မှတ်ချက်ချ


အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton တို့ကို Democratic National Conventionမှာ တွေ့ရစဉ်။ (July 27၊ 2016)
အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton တို့ကို Democratic National Conventionမှာ တွေ့ရစဉ်။ (July 27၊ 2016)

အမေရိကန်သမ္မတတာဝန်အတွက် ဟီလာရီ ကလင်တန်ထက် ပိုပြီး အရည်အချင်းပြည့်ဝတဲ့ တခြား အမျိုးသား ဒါမှမဟုတ် အမျိုး သမီးတဦးဦး မရှိဘူးလို့ လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ တတိယနေ့ ကြာသပတေးနေ့ညက မိန့်ခွန်းပြောတဲ့ထဲ သမ္မတအိုဘားမားက အဲဒီလိုပြောသွားတာပါ။

သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို မစ္စတာအိုဘားမားက အထင်အရှား ထည့်သွင်းပြောဆိုသလို မစ္စစ်ကလင်တန်ဟာ နောက်ခံအခြေအနေ အမျိုးမျိုးရှိတဲ့ လူတွေအားလုံး အတူတကွ လုပ်ဆောင်ကြရင် တိုင်းပြည်ဟာ ပိုကောင်းမယ်ဆိုတာကို ယုံကြည်တဲ့ သမ္မလောင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒီနှစ် ဒီရွေးကောက်ပွဲမှာ အဆိုးမြင်သံသယတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေကို ဖယ်ရှားပြီး ကျနော်တို့မှာရှိတဲ့ အကောင်းဆုံးကို ဖော် ဆောင်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်မယ့်သမ္မတအဖြစ် ဟီလာရီ ကလင်တန်ကို ရွေးကောက်တင်မြှောက်ဖို့၊ ဒီ ကြီးမြတ်တဲ့နိုင်ငံရဲ့ စွမ်းဆောင်နိုင်စွမ်းပေါ်မှာ ကျနော်တို့ယုံကြည်ဆဲပဲဆိုတာ ကမ္ဘာကိုပြဖို့ ကျနော်နဲ့အတူ ပူးပေါင်းပါဝင်ကြပါလို့ ပန်ကြားပါတယ်ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားပါတယ်။

ဟီလာရီ ကလင်တန်ဟာ ဘယ်တုန်းကမှ ရွေးကောက် တင်မြှောက်ခံရဖူးသူ မဟုတ်တဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump နဲ့ လုံးဝမတူသူဖြစ်တယ်လို့ မစ္စတာအိုဘားမား ကထောက်ပြပြီး သူ့ရဲ့ပထမ သမ္မတသက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့တာအပါအဝင် မစ္စစ်ကလင်တန်ရဲ့ အတွေ့အကြုံ တွေကို ထည့်ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG