သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တရားဝင် ရပ်တည်မှု စစ်အစိုးရဖျက်လို့ မပျက်နိုင်


United States Senate
United States Senate

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံမတင်တော့ပေမဲ့ NLD ရဲ့တရားဝင်မှုကို မြန်မာပြည်သူတွေနဲ့ အတူ နိုင်ငံတကာက သန်းနဲ့ချီတဲ့ပြည်သူတွေ ဆက်လက်အသိအမှတ်ပြုနေတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တွေက မေလ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် အမေရိကန်ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်တွေ ပူးတွဲ ထုတ်ပြန်တဲ့ကြေညာချက်မှာ NLD ရဲ့ တရားဝင်မှုကို စစ်အစိုးရအနေနဲ့ ဘယ်လိုမှပယ်ဖျက်လို့ မရနိုင်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။

Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Dianne Feinstein၊ အရီဇိုးနားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် John McCain နဲ့ Connecticut ပြည်နယ် တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Joe Liberman တို့ အပါအဝင် အထက်လွှတ်တော်အမတ် ၆ ယောက် စုပေါင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပြီး လွတ်လပ်မှုတွေနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ မြောက်အောင်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရန်ကုန်မြို့ မှာ ကျင်းပခဲ့ကြပါတယ်။ အမတ်နေရာ ၈၂ % ကို NLD က နိုင်ခဲ့ပေမဲ့၊ စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု အာဏာမလွှဲခဲ့ပါဘူး။

ခုလို အနှစ် ၂၀ မြောက်ရွေးကောက်ပွဲအောင်ပွဲ အထိမ်းအမှတ်ကို NLD ဒုဥက္ကဌဦးတင်အိမ်မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG