သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်မှုထမ်း ၃၀ ကျော် ဇီကာရောဂါပိုးကူးစက်


ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အပါအဝင် အမေရိကန်တပ်ဖွဲ့ဝင် ၃၃ ဦးဟာ ပြည်ပနိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ကူးစက်ခံထားရသူအားလုံးဟာ ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တိုင်းပြည်တွေမှာ တာဝန်ကျနေခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်ပင်တဂွန် စစ်ဌာနချုပ် က ပြောဆိုပါတယ်။ ဒါ့အပြင် အမေရိကန်စစ်သည်တွေရဲ့ မိသားစုဝင် ၆ ဦးလည်း ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံရသူ တပ်ဖွဲ့ဝင်တွေထဲက နေထိုင်မကောင်းဖြစ်နေဆဲ အခြေအနေမှာရှိတဲ့သူ ဘယ်နှစ်ယောက်ရှိတယ်၊ ဒါမှမဟုတ် အမေရိကန် ပြည်ထောင်စုကို ပြန်သွားတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူး Ben Sa Kris Son က - မပြောခဲ့ပါဘူး။

မကြာသေးခင်လပိုင်းတွေအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူ အမေရိကန်ပြည်ထောင်စုအတွင်းမှာ လူပေါင်း ၁,၆၅၀ ကျော်လောက်ရှိပြီး၊ အားလုံး နီးပါးဟာလည်း ပြည်ပနိုင်ငံတွေမှာ ခရီးသွားလာရင်း ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG