သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေး ဖိနှိပ်မှု အဆုံးသတ်ဖို့ အစိုးရသစ်ကို တိုက်တွန်း


 နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF ။
နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF ။

မြန်မာအစိုးရသစ်အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က တိုက်တွန်းပြီး မြန်မာလူထု ကိုလည်း နှစ်သစ်နှုတ်ခွန်းဆက်လိုက်ပါတယ်လို့ ဧပြီလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တစုံလုံးတိုးတက်စေဖို့ ဆက်ပြီး အားပေးကူညီကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို လည်း USCIRF ကတိုက်တွန်းပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးချယ်ခံ ပထမဆုံး အရပ်သားသမ္မတ ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် တရားဥပဒေစိုးမိုးရေးတွေအပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိတယ်ဆိုတာကို သက်သေပြ ရမယ်လို့လည်း USCIRF ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး တရားစွဲခံနေရ သူတွေ ပြန်လွတ်မြောက်လာအောင် လုပ်ဆောင်ပေးတဲ့ အပေါ် မြန်မာအစိုးရကို USCIRF က ချီးကျူးပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီး လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာကို အဆုံးသတ်အောင်လုပ်ဖို့လိုတယ် လို့ ထောက်ပြပါတယ်။

အဲဒီလိုလုပ်ရမယ့် လုပ်ငန်းတွေထဲမှာ တခုကတော့ အထူးသဖြင့် ရိုဟင်ဂျာတွေအပါအဝင် ရခိုင် ပြည်နယ်က လူမျိုးစုတွေကို ထိခိုက်နစ်နာစေတဲ့ မတရားတဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို အစိုးရအနေနဲ့ လုံးဝပြောင်းလဲ ဖို့ဖြစ်ပါတယ်လို့ USCIRF က အကြံပေးပါတယ်။

USCIRF ဟာ ပြည်ပမှာ ဘာသာရေးလွတ်လပ်ခွင့် ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့် လေ့လာတဲ့ သီးခြားလွတ်လပ်တဲ့ကော်မရှင်တခုဖြစ်ပါတယ်။

XS
SM
MD
LG