သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုပြသနာ ဘယ်လို ဖြေရှင်းကြမလဲ


ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောခရိုင်တွင်း လုံခြုံရေး သံဆူကြိုးအကာအရံတွေနား မြန်မာရဲတပ်ဖွဲ့ဝင်တဦး လုံခြုံရေးယူနေစဉ်
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောခရိုင်တွင်း လုံခြုံရေး သံဆူကြိုးအကာအရံတွေနား မြန်မာရဲတပ်ဖွဲ့ဝင်တဦး လုံခြုံရေးယူနေစဉ်
တိုက်ရိုက် လင့်ခ်

အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးအကဲခတ်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အမြဲလိုလို စိုးရိမ်ပူပန်မှုနဲ့ စောင့်ကြည့်နေကြတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပြန်ပါပြီ။ ထူးခြားချက်အနေနဲ့ ဒီတစ်ကြိမ်ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုဟာ ဘာသာရေး လူမျိုးရေးအပေါ် အခြေခံတာမျိုး မဟုတ်ပဲ တည်ဆဲ အစိုးရတစ်ရပ်ကို အကြမ်းဖက် ပုန်ကန်တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ပေါ်ပေါက်ခဲ့ တာ ဖြစ်ပါတယ်။ နောင်တစ်ချိန် သမိုင်းစာမျက်နှာတွေမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီ-ရိုဟင်ဂျာတွေရဲ့ ပုန်ကန်မှုလို့ ရေးသားကြမယ်ေျ့ အခု ဖြစ်စဉ်မှာ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ပုန်ကန်သူတွေကို ဖော်ထုတ် နှိမ်နင်း အရေးယူနိုင်ရေး၊ ပုန်ကန်မှုပြသနာကို ဘာသာရေး လူမျိုးရေး ပြသနာအဖြစ် ပြောင်းလဲမသွားအောင် တားဆီးရေး၊ နယ်မြေ ပြန်လည် တည်ငြိမ်မှု ရလာစေရေး စတာတွေကို စစ်အင်အား၊ စည်းရုံးရေး အင်အား အသုံးပြုပြီး ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှု ပြသနာ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ပြသနာကို ဘယ်လို ဖြေရှင်းသင့်သလဲ၊ ရခိုင်ပြည်နယ်ထဲမှာ အေးချမ်းတည်ငြိမ်မှုကိုရော တည်ဆောက်လို့ ရနိုင်ပါဦးမလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဖြစ်စဉ်အကျဉ်းကို ပြန်ပြောရရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသုံးခု တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံရတာနဲ့ အစပြုပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ဝင် ၉ ယောက်ကျဆုံး၊ ၅ ယောက်ဒါဏ်ရာရ၊ တစ်ယောက် ပျောက်ဆုံးပါတယ်။ လက်နက်ငယ် အလက် ၁၀၀ ကျော်နဲ့ ကျည်ဆံ အတောင့် နှစ်သောင်းကျော် ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဘက်က ၈ ယောက်သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းဆီးရမိပါတယ်။ ဒီကိန်းဂဏန်းကိုကြည့်ရင် ကြီးမားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ခေါ်နိုင်ပါတယ်။

အဲဒီလို ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ် စဉ် ဖြစ်ဖြစ်ချင်း နေ့မှာ ကိုပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး လုပ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက် သမားတွေ ကို နှိမ်နင်းရာမှာ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်။ အဓိပ္ပါယ်ကတော့ သူက အကြမ်းဖက်လို့ ကိုယ်က ပြန်အကြမ်းဖက်ရတယ် ဆိုတာမျိုး ဥပဒေမဲ့၊ တရားလက်လွန် မတုန့်ပြန်မိဖို့ သတိပေးတာပါ။ အဲဒီနောက် ညဘက်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြည်သူတွေကိုရော၊ နိုင်ငံတကာ မိသားစုတွေကိုပါ အသိပေးပါတယ်။ ဖြစ်စဉ် စဖြစ်ဖြစ်ချင်းမှာကိုပဲ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရဖို့နဲ့ နယ်မြေ တည်ငြိမ်အေးချမ်းဖို့ တပ်မတော်က အကောင်အထည် ဖော် ဆောင် ရွက်ပါတယ်။

အစိုးရဘက်ကတော့ ပြန်ကြားရေးဝန်ကြီးကို ဦးဆောင်စေပြီး အခြား ဝန်ကြီး၊ ဒုဝန်ကြီးတွေပါတဲ့ အဖွဲ့နဲ့အတူ ရခိုင်ပြည်နယ်ကို စေလွှတ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ ဖြစ်ရပ်မှန်ကို သိရှိဖို့နဲ့ ပြသနာကို ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခအသွင် ပြောင်းမသွားအောင် အချိန်မီ တားဆီးနိုင် ဖို့ပါ။ နေပြည်တော်မှာလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ ဘင်္ဂ လားဒေ့ရှ် သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေ ရှင်းပြ၊ မြန် မာနိုင်ငံက ဒီ ပြသနာကို ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကူအညီပေးဖို့ ဆွေးနွေး ညှိနှိုင်းပါတယ်။

ပြောရရင် အခုတစ်ကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း အစိုးရနဲ့ တပ်မတော်ဘက်က လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ စနစ်ကျပြီး ကောင်းမွန် တာ တွေ့ ရပါတယ်။ အရင် စစ်အစိုးရလက်ထက်တွေတုန်းကတော့ အခုလို ပြသနာ ကြုံရချိန် အင်အားအလွန်အကျွံသုံးပြီး တုန့်ပြန်တာ၊ တန်ပြန် အကြမ်းဖက်တာတွေကြောင့် ရခိုင်ပြည်နယ်ဘက်က မူဆလင်တွေ တစ်ဖက်နိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ပြေးတဲ့ ပြသနာမျိုးကြုံခဲ့ရဘူးသလို၊ ပြသနာတွေလည်း ပိုမိုရှုတ်ထွေးတဲ့ အခြေ အနေ ရောက်ခဲ့ဖူးပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်သူတွေဟာ လက်နက်အပြည့်စုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့လိုမျိုးကို ဓား၊ လှံ၊ ဂျင်ဂလိတွေလို အိမ်လုပ်လက်နက်တွေကိုပဲ အသုံးပြုပြီး အရဲစွန့်တိုက်ခိုက်တာကို ကြည့်ခြင်း အားဖြင့် ပြင်ပ နိုင်ငံတကာတွေရဲ့ စွက်ဖက်မှု၊ ကူညီထောက်ပံ့မှု ဘာတစ်ခုမှ ရှိမနေဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒါဟာ တည်ဆဲ အစိုးရကို အကြမ်းဖက် ပုန်ကန်တိုက်ခိုက်မှု တစ်ခုပါပဲ။ ပုန်ကန်မှု ဖြစ်လာရတဲ့ အကြောင်းရင်းခံလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ဖိနှိပ်မှုတွေ ရှိပြီး မခံမရပ်နိုင်ဖြစ်လို့၊ ဒါမှမဟုတ် သွေး ထိုးလှုံ့ဆော်မှု ရှိလို့ စသဖြင့်ပါ။

တကယ်တော့ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်းကြားကနေ အခုလို ပြသ နာမျိုး ပေါ်ပေါက်လာနိုင်တယ် ဆိုတာ နိုင်ငံရေးသုတေသီ တစ်ချို့ နဲ့ နိုင်ငံရေး အကဲခတ် တစ်ချို့ ခန့်မှန်းပြောဆိုနေခဲ့တာ ကြာပါပြီ။ ရခိုင်ပြည်နယ်ထဲက ဒီ မူဆလင် အသိုင်းအဝိုင်း ဟာ နေရာကျဉ်းကျဉ်းလေး ထဲမှာ ချောင်ပိတ်ထား သလို ဖြစ်နေတာ၊ ဆင်းရဲတာ၊ ပညာမဲ့တာ၊ စဉ်းစားဆင်ခြင်ဉာဏ် အားနည်း တာ၊ မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ အဆက်အသွယ် မရှိသလောက်ဖြစ် တာ၊ ဒေသ ထဲမှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ လွှမ်းမိုးနေတာ စတဲ့အ ချက်တွေကြောင့် တနေ့နေ့ ခုလို ပြသနာမျိုး ပေါ်ပေါက်လာနိုင်တယ်ဆိုပြီး ကြိုတင် သုံးသပ်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှု ဖြစ်စဉ်ကြီးကတော့ ဖြစ်ပြီးသွားပါပြီ။ အမေရိကန်လို၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလိုမျိုးက မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေပုံတွေကို ထောက်ခံ အားပေးကြပါတယ်။ တစ်ပြိုင်နက်တည်း ပြသနာရဲ့ မူရင်း ဇစ်မြစ်ကို ဖော်ထုတ် အဖြေရှာ၊ ဖြေရှင်းဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။ အခု ပြသနာမှာ အကြမ်းဖက်သမားတွေကို နှိမ်နင်းလိုက်ရုံ၊ လက်နက်တွေ ပြန်လည် သိမ်းဆည်းလောက်ရုံနဲ့ ပြီးမသွားပါဘူး။ မူရင်း ပြသနာ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။ တကယ်တော့ ပြသနာတွေကို ခုလို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်သမားတွေ အလွန်မှားယွင်းပါတယ်။ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာပြီး ရခိုင်ပြည်နယ်က ပြသနာတွေကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဖို့ ကြိုးစားနေချိန် ခုလို အကြမ်းဖက်မှု လုပ်ခဲ့ကြလို့ပါပဲ။

ဒီအတွက် ကျန် ဘင်္ဂလီ-ရိုဟင်ဂျာ မူဆလင် အသိုင်းအဝိုင်းဟာ အခု အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အလားတူ ရခိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော် ဘက်ကလည်း အကြမ်းဖက်မှု ပြသနာ တစ်ခုတည်းကို မကြည့်ပဲ အကြမ်းဖက် မှု ပြသနာ ဖြစ်ပွားရာဇစ်မြစ်ကို နားလည်သဘောပေါက်အောင် ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ဒါမှသာ အကြမ်းဖက်မှုတွေ မုန်းတီးမှုတွေ ချုပ်ငြိမ်းတဲ့၊ အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ် ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG