သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံရှေ့ရေး ဘယ်လို ဆုံးဖြတ်ကြမလဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတခေါက် တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံတာတမံ စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် ရလဒ်ကောင်း ပေါ်ထွက်လာလိမ့်မယ်လို့ တရုတ်တို့ဘက်က မျှော်လင့်နေကြပါတယ်။ မြန်မာတွေဘက်ကရော ဘယ်လို သဘောထားကြမလဲ ဘယ်လို ဆုံးဖြတ်သင့်သလဲဆိုတာကို တရုတ်ပြည် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇော၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာနဲ့ ဆရာမကို မေးချင်တာက မြစ်ဆုံကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအဖွဲ့ထဲမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ခြင်း ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ခရီးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို မလွှဲမသွေ ဆွေးနွေးပါလိမ့်မယ်။ ဒီကိစ္စဟာ မြန်မာပြည်သူတွေ အထူးအလေးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ စီမံကိန်းက ရနိုင်တဲ့ အကျိုးအမြတ် ဘယ်လောက် ရနိုင်လဲဆိုတာကိုလည်း အမှန်တကယ် နားလည်သဘောပေါက်ခဲ့ကြလားဆိုတာကို သိချင်ပါတယ်။ အဆိုးအကောင်းကို ချင့်ချိန်စဉ်းစားနိုင်တဲ့ အခြေအနေ ရှိခဲ့ရလားဆိုတာကို သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရကို လူကြိုက်မများတဲ့ အစိုးရလုပ်သမျှ၊ စစ်အစိုးရ လုပ်သမျှ ကန့်ကွက်ရမယ်ဆိုတဲ့ သဘောထားကလည်း တစ်ခု ရှိနေတဲ့အတွက်ကြောင့် ပထမဦးဆုံး ကျနော် အဲဒါကို သိချင်ပါတယ်။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သူတွေ အပြင်းအထန် ကန့်ကွက်ရမယ်။ အများစုက သူတို့ဟာ အခြေအနေမှန်ကိုသိလို့ ကန့်ကွက်တယ်လို့ သတင်းစာသမားတဦးအနေနဲ့ ဆရာ ထင်ပါလား။

ဦးကျော်ရင်မြင့် ။ ။ အများစုကတော့ သိပ်ထဲထဲဝင်ဝင်တော့ သိမယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့ ဒေါက်တာဦးထွန်းလွင်၊ ဒေါ်ဒေဝီသန့်ဇင်တို့လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေက သူတို့ရဲ့ သုံးသပ်ချက်တွေမှာလည်း လက်ခံနိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ထားတယ်။ ဒါကိုတော့ ဆရာဦးထွန်းလွင်တို့၊ ဒေါ်ဒေဝီသန့်ဇင်တို့ရဲ့ ပရိသတ် အများကြီး လေ့လာတယ်၊ ဖတ်ရှုတယ်၊ တာယူတယ်။ ဒါကြောင့်မို့လို့ သေသေချာချာ မသိဘူးလို့တော့ ပြောလို့မရပါဘူး။ ဆရာကြီး၊ ဆရာမကြီး ပြောတဲ့ဟာတွေကို ခံယူပြီးမှ ကန့်ကွက်ကြတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သဘာဝပတ်ဝန်းကျင်အားဖြင့်တော့ မြစ်တခုကို ပိတ်စို့ပြီးတော့ ရေကာတာပေါင်း မြောက်မြားစွာ လုပ်မယ်ဆိုတော့ ထိခိုက်နစ်နာမှု ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စီးပွားရေး အမြတ်အစွန်းကို လူတွေ နားလည်ကြရဲ့လား။ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် တစိတ်တဒေသအားဖြင့် အထောက်အပံ့ ဖြစ်နိုင်တယ်ဆိုပြီး တရုတ်ဘက်က ထောက်ပြတာတွေလည်း တွေ့လာရပါတယ်။ (၁၀) ရာခိုင်နှုန်း မြန်မာတွေ ရမယ်ဆိုပြီးတော့။ အဲဒါကို နားလည်ကြမယ်လို့ ထင်ပါသလား။

ဦးကျော်ရင်မြင့် ။ ။ နားလည်ကြပါတယ်။ ခွဲဝေခံစားရမယ့် ရာနှုန်း အချိုးအစားကလည်း မြန်မာနိုင်ငံအတွက် အင်မတန်မှ နည်းတယ်။ အဲဒီအပေါ်မှာလဲ သဘောမကျလို့ ကန့်ကွက်ကြတာ ပါပါတယ်။ အကျိုးအမြတ် ခွဲဝေခံစားမှုလည်း နည်းတယ်။ နောက်တခုက ထိခိုက်မှုက များမယ်ဆိုတဲ့ အသိတော့ ပြည်သူအများစုမှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမလှကျော်ဇောရဲ့ သဘောထားလဲ သိချင်ပါတယ်။

ဒေါက်တာလှကျော်ဇော ။ ။ ကျမကတော့ ပြည်သူလူထုကို အပြစ်မတင်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ရဲ့ သယံဇာတပစ္စည်းတွေ ရောင်းချနေတာ၊ လုပ်ကိုင်နေတာ ဗမာပြည်မှာ ဒီလောက် ဝင်ငွေတွေ ရခဲ့ရဲ့သားနဲ့ နည်းနည်းမှ မတိုးတက်လာတဲ့ အခြေခံအောက်မှာ ဗမာပြည်သူတွေက တော်ရုံတန်ရုံ မယုံတော့ပါဘူး။ အဲဒီတော့ သူတို့အတွက် တကယ် အကျိုးအမြတ် ရှိမရှိကို သေချာရှင်းပြနိုင်မှ သူတို့ လက်ခံကောင်း လက်ခံမယ်။ NLD အစိုးရက တက်လာပြီးနောက် သူတို့အနေနဲ့ အခု ကော်မရှင် ဖွဲ့ပါတယ်။ အဲဒီ ကော်မရှင်က ဧရာဝတီ၊ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်းဆိုပြီး အဲဒီလို နာမည်တွေနဲ့ ခွဲပြီးတော့ ဖွဲ့လိုက်တာဖြစ်တယ်။ အဲဒီလို ဖွဲ့လိုက်ပြီးတော့ ပြည်သူလူထုကို အဆိုးက ဘယ်လောက်၊ အကောင်းက ဘယ်လောက် ကိုယ်က ဘယ်လောက်ရမယ်။ ကိုယ်က ဘယ်လောက်ပေးလိုက်ရမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ထင်သာမြင်သာရှိဖို့ ချပြရမယ်ဆိုရင် ကျမတို့ပြည်သူတွေ နားလည်နိုင်စွမ်း ရှိပါတယ်။ ကျမတို့ ပြည်သူတွေက ကောင်းကောင်းရွေးချယ်တတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် အဲဒီတော့ အခုလောလောဆယ်မှာ စောစောက ဒေါက်တာလှကျော်ဇောပြောတဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ အခြေအနေကော ဘယ်လောက်များ သိရပါပြီလဲ။ အဲဒီအဖြေကော ဘယ်တော့ ပေါ်ထွက်လာနိုင်မယ်လို့ မျှော်လင့်နိုင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ သူက ဘယ်တော့ Report ပြန်ပေးရမယ်ဆိုတာ ထုတ်ပြန်ချက်နဲ့ ဖွဲ့ထားတာကိုတော့ ပြည်သူလူထုက သိကြပါတယ်။ မြစ်ဆုံကို အခုနေ့ထိ ပြည်သူက စိတ်ဝင်စားမှု ရှိတဲ့အတွက် ကော်မတီ ဖွဲ့လိုက်တာကိုလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ တခုက လက်ပံတောင်းတောင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ပြီးတော့ လုပ်ဆောင်ခဲ့ပေမယ့် ဒေသခံတွေကတော့ သိပ်မကျေနပ်ကြဘူး။ အခုကော ဘယ်လို ဖြစ်လာနိုင်မယ်လို့ သုံးသပ်မိပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျနော်ရဲ့ ပုဂ္ဂလိက အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်ထားတဲ့ Report က တော်တော်လေး ကောင်းပါတယ်။ အဲဒီ စီမံကိန်း Report အတိုင်း အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင် နှစ်ဘက်မျှတတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူက နိုင်ငံတကာအမြင်၊ ကတိကဝတ် တည်ရမယ်ဆိုတဲ့ အမြင်မျိုးကနေ ရပ်တည်ပြီးတော့ စဉ်းစားတာ၊ များတာနဲ့ မစားတော့ဘူး။ မြစ်ဆုံစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် စဉ်းစားတဲ့အခါ ကျနော်က တချိန်က အစိုးရချင်း တည်ခဲ့တဲ့ ကတိကဝတ်ဆိုတာမျိုးကို ထည့်ပြီးစဉ်းစားမယ်ဆိုရင် အဲဒီတုန်းက သဘောတူခဲ့တဲ့ မြန်မာဘက်က အစိုးရက လူတွေရဲ့ စိတ်အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ဥပဒေကြောင်းမှာ အရူး၊ အသက်မပြည့်သေးတဲ့သူတွေ၊ ဉာဏ်ရည်မပြည့်တဲ့လူတွေကို ချော့မော့ခြိမ်းခြောက် သဘောတူတာမျိုးဆိုရင် ဥပဒေကြောင်းအရ တရားဝင်လားဆိုတာမျိုးကို ဒေါ်စု စဉ်းစားမယ်ဆိုရင်တော့ မြစ်ဆုံကိစ္စ အဖြေရမယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အဲဒါကို မေးချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အကြမ်းဖျဉ်း အကုန်လုံး တရုတ်အပေါ်မှာ ထားရှိတဲ့သဘောထားက အတော်လေး ဆိုးပါတယ်။ အထူးသဖြင့် တရုတ်ကို မြင်ကတည်းက သူတို့ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရ သက်ဆိုးရှည်အောင် မီးမွှေးပေးခဲ့တဲ့သူ။ အဲဒါကို အခွင့်ကောင်းယူသွားတယ်လို့ မြင်ကြပါတယ်။ အဲဒီကိစ္စကိုရော အမှန်တရား သိတဲ့အခါမှာ ပြေပျောက်နိုင်မယ့် အခြေအနေ ရှိပါလား။ တရုတ်ဘက်က ဒီအတွက် ဘယ်လောက် ကြိုးစားမှု အမြင်မှန် ဖြစ်လာဖို့အတွက်…

ဒေါက်တာလှကျော်ဇော ။ ။ ကျမကတော့ ဒီလိုမြင်တယ်။ တရုတ်အနေနဲ့ သူကို သူသွားပြီး အလုပ်လုပ်တဲ့ နိုင်ငံတွေမှာ အနည်းနဲ့အများ ပဋိပက္ခတွေ ရှိတယ်ဆိုတာ မှန်တယ်။ တွေ့ရတယ်။ သူကို မုန်းကြတာလဲ တချို့ဒေသတွေမှာ များတယ်ဆိုတာလည်း တွေ့ပါတယ်။ ဒါပေမဲ့ ကျမတို့ ဗမာပြည်သူတွေ သူကို မုန်းတယ်ဆိုတာလည်း သိတယ်။ သို့သော်လဲ တရုတ်ဘက်က ဗမာပြည်သူတွေကို ကျေးဇူးတင်နေတာရှိတယ်။ ဘယ်လောက်မုန်းမုန်း ကျမတို့ပြည်သူတွေက လက်မပါဘူး။ ကြားလားမသိဘူး … ပါကစ္စတန်က သင်္ဘောရေနက်ဆိပ်ကမ်း ဆောက်တဲ့ အင်ဂျင်နီယာ (၆) ယောက်ကို ဝင်သတ်ပြစ်တာ။ တခါ ရုရှားက မော်စကို ဟိုဒင်းကြီးကိုလည်း တရုတ်ရဲ့ ခြောက်ထပ်တိုက်၊ ဈေးရုံကြီးတခုလုံးကို မီးရှို့ပြစ်တာ။ ကျမတို့ ဗမာပြည်သူတွေ ဒီလောက် မရက်စက်ဘူး။ ဒီလောက် မုန်းပေမယ့် ကမ်းကုန်အောင် မလုပ်ကြဘူး။ ဒီအတွက် တရုတ်က ကျေးဇူးတောင် တင်ပါသေးတယ်။ သူတို့ဘက်ကလဲ အမှားတွေရှိတယ်။ သူတို့ရဲ့ စီးပွားရေးုလုပ်ငန်းတွေမှာ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတချို့ရဲ့ ယူသင့်ယူထိုက်တဲ့ တာဝန်ယူမှု၊ အားနည်းတဲ့အောက်မှာ သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ရမယ်ဆိုတာ သဘောပေါက်တယ်။ ဗမာပြည်သူတွေ ခံစားရတာကိုလည်း နားလည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံ တံခါးဖွင့်ခါစတုန်းကလည်း သူတို့နိုင်ငံကို တောင်ကိုရီးယားကုမ္ပဏီတွေ၊ ဂျပန်ကုမ္ပဏီတွေ ဒီလိုပဲ လုပ်ခဲ့ကြတာဖြစ်တယ်။ ဒီလိုပဲ သူတို့ နားလည်နိုင်တယ်။ စာနာနိုင်တယ်။ အဲဒီတော့ ဗမာပြည်သူတွေ ဘာတွေကို မကျေနပ်နေကြတာလဲ။ ဘာတွေကို ခံစားနေကြလဲ။ ဘာတွေဘက်မှာ ထိခိုက်နေလဲ။ ဘာတွေဘက်မှာ ကြောင့်ကြမှု၊ ပူပန်မှု ရှိလဲ။ ဒါတွေကို သူတို့ တဖြည်းဖြည်းရှာပြီးတော့၊ တဖြည်းဖြည်း စနိုင်တဲ့ဘက်က စလုပ်သွားတယ်။ အခုလဲ ကျောက်ဖြူဘက်မှာ မာဒေးကျွန်းတို့ ဘာတို့မှာ တရုတ်က တော်တော်ကို ထဲထဲဝင်ဝင် ဝင်နေတာ။ အဲဒီလိုပဲ တခြားနေရာတွေမှာ တဖြည်းဖြည်း တိုးတိုးဝင်ပြီးတော့ ဒေသခံတွေ၊ လူတွေနဲ့ ဆက်ဆံရေးကောင်းအောင်၊ ဒေသခံတွေ လက်ခံလာအောင်၊ ဒေသခံလူထုရဲ့ အခြေခံစီးပွားရေး တိုးမြှင့်လာအောင် တဖြည်းဖြည်း ကြိုးစားပြီး လုပ်ပေးလာမယ်လို့ ထင်ရတာပဲ။

ဦးကျော်ဇံသာ ။ ။ ရခိုင်ဘက်မှာ တဖြည်းဖြည်းတိုးဝင်လာတဲ့ တရုတ်ရဲ့ တိုးဝင်လာမှုကို ရခိုင်ဒေသခံတွေရဲ့ သဘောထားကော ဘယ်လိုကြားပါလဲ။ စောစောကတော့ တော်တော်ခါးခါးသီးသီး တွေ့မြင်ရတယ်။ ဆ

ရာဦးကျော်ရင်မြင့် ရခိုင်ဒေသခံတွေရဲ့ တရုတ်အပေါ် သဘောထား။ သူတို့ရဲ့ ပြုပြင်မှုတွေကြောင့် အကျိုးပြုလုပ်ငန်းတွေကြောင့် ပျော့ပြောင်းလာတယ်လို့ ကြားမိလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော် သိသလောက်တော့ ဒေသခံတွေရဲ့ သဘောထားက သိပ်မပြောင်းလဲသေးပါဘူး။ တရုတ်ဘက်က ပြောင်းလဲတယ် ဆိုပေမယ့်လဲ အလွန်သိသာမြင်သာလောက်အောင်၊ ကျေနပ်လောက်အောင် သူဘက်က ပြောင်းနိုင်တယ်လို့ ကျနော် မကြားမိပါဘူး။ အဲဒီတော့ ဒေသခံတွေကလည်း အခုထိတော့ တရုတ်အပေါ် သဘောထားပြောင်းတာ မတွေ့သေးပါဘူး။ ရခိုင်တင်မကပါဘူး သပိတ်ကျင်း၊ တကောင်းဘက်မှာဖြစ်ဖြစ်၊ လက်ပံတောင်းဘက်မှာဖြစ်ဖြစ် ဒေသခံတွေရဲ့ သဘောထားပြောင်းတာတော့ ကျနော် မကြားမိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု စောစောက ဆရာပြောသွားတယ်။ တရားဥပဒေအရ ရူးသွပ်နေတဲ့လူ၊ စိတ်မနှံ့တဲ့လူတွေကို လုပ်တဲ့ Contract ဟာ တရားမဝင်ဘူးဆိုတဲ့ သဘောမျိုး။ ဆိုတော့ ဒီမြစ်ဆုံစီမံကိန်းကို စခဲ့တုန်းက မြန်မာဘက်က လက်မှတ်ထိုးခဲ့တဲ့ လူတွေရဲ့ အနေအထားဟာ တကယ့် လူထုကို ကိုယ်စားပြုပြီးတော့ လက်မှတ်ထိုးနိုင်တဲ့ လူထုအကျိုးကိုကြည့်ပြီးတော့ လက်မှတ်ထိုးနိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့လဲ သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒီအခြေအနေကို ပြန်ပြင်နိုင်မယ် ထင်ပါလား။

ဦးကျော်ရင်မြင့် ။ ။ NLD က တချိန်က ပွင့်လင်းမြင်သာမှုရှိအောင် လုပ်မယ်ဆိုပြီးတော့ ပြောခဲ့ကြတယ်။ အခုထိတော့ အဲဒီတုန်းက ဘယ်လိုတွေ သဘောတူထားပြီးတော့ ဘယ်လိုတွေ လက်မှတ်ထိုးကြတယ်။ ဘာတွေဖြစ်တယ်ဆိုတာကိုလည်း အခုထိတော့ ဘာမှပွင့်ပွင့်လင်းလင်း၊ မြင်မြင်သာသာ မတွေ့ရပါဘူး။ နောက် ပြည်သူလူထုက သံသယဝင်နေတာတွေလည်း ရှိပါတယ်။ ဥပမာ လာဘ်ပေးလာဘ်ယူမှုတွေ၊ လာဘ်ထိုးပြီးတော့ လုပ်ခဲ့တယ် ဘာညာပေါ့။ ဒါကတော့ စွပ်စွဲချက်တွေ၊ အမှန်လို့တော့ မဆိုလိုပါဘူး။ အဲဒီ စွပ်စွဲချက်တွေက ဟုတ်တယ် မဟုတ်ဘူးဆိုတာမျိုးတွေ အခုထက်ထိ ထုတ်ပြန်ပြောဆိုချက်တွေ မရှိသေးတော့ ပြည်သူလူထုကတော့ သံသယဝင်နေတုန်းပါပဲ။ အဲဒီတုန်းက လက်မှတ်ထိုးသူတွေက လူထုကို ကိုယ်စားပြုသလားဆိုတာတော့ အဲဒီတုန်းက အုပ်ချုပ်အစိုးရက ထိုးခဲ့တာပါပဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးသိချင်တဲ့ကိစ္စကတော့ ဘာတွေ ကျနော်တို့ မျှော်လင့်ကြမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်းမှာ အဓိက မြစ်ဆုံအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘယ်လောက်အထိ ကောင်းတဲ့သဘော ဖြစ်လာနိုင်မလဲ။

ဒေါက်တာလှကျော်ဇော ။ ။ အဲဒီ ကော်မရှင်ဖွဲ့တဲ့နေ့က ဦးဇော်ဌေးရဲ့ အင်တာဗျူးတခု ကြားလိုက်တယ်။ သူတို့က အဲဒီကော်မရှင်ကို စာချုပ်စာတမ်းနဲ့ ပတ်သက်တဲ့ဟာတွေကို ပေးအပ်မယ်။ ပေးအပ်ပြီးတော့ အဲဒီ ကော်မရှင်က လူထု သိဖို့လိုတဲ့ အချက်အလက်တွေကို သူတို့ ဖွင့်ဟပြီးတော့ ပြောပြပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီခြေလှမ်းကို တရုတ်ပြည်မသွားခင် လှမ်းခဲ့တဲ့အတွက် တရုတ်ကို ပြောအားရှိတာပေါ့။ ဒီကော်မရှင်က ထွက်လာပြီးတဲ့နောက်မှာ လက်ပံတောင်းကော်မရှင်တုန်းကလိုပဲ နိုဝင်ဘာမှာ အစီရင်ခံစာတင်မယ်။ တင်ပြီလိုပြီးရင် တရုတ်၊ ဗမာ နှစ်နိုင်ငံစလုံး အကျိုးသိပ်မထိခိုက်တဲ့ မျက်နှာလည်း သိပ်မပျက်ရတဲ့၊ ပြည်သူလူထုကလည်း ကျေနပ်နိုင်တဲ့ နည်းလမ်းတခုကို ရှာဖွေနိုင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကြားချင်ပါတယ်။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထု အများစု လက်မခံတဲ့ မြစ်ဆုံကိစ္စကို သူရှေ့တိုးဖို့အတွက် စဉ်းစားလိမ့်မယ် မထင်ပါဘူး။ တရုတ်ဘက်ကလဲ မြစ်ဆုံက သူ့အတွက် ဒီလောက်အထိ အဓိက မကျပါဘူး။ မြစ်ဆုံကို လက်လျှော့လိုက်မယ်ဆိုရင် အနောက်ဘက် ပင်လယ်ထွက်ပေါက်ကို ကြည်ကြည်ဖြူဖြူ ရလာနိုင်ပါလိမ့်မယ်။ တရုတ်က အဲဒါကို လှဲနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့်မို့ သူ့အတွက် မဟာဗျူဟာမြောက်တဲ့ ကျောက်ဖြူ၊ ကူးမဲ အဝေးပြေးကားလမ်းတွေ၊ ပိုက်လိုင်ကြီးတွေ၊ ပင်လယ်ဆိပ်ကမ်းတွေနဲ့ မြစ်ဆုံဘက်နဲ့ လှဲလိမ့်မယ်လို့ ကျနော်တော့ အဲဒီလို မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သောတရှင်များခင်များ … ဒီကိစ္စမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေရဲ့ ရိုးသားမှု၊ ပွင့်လင်းမြင်သာရှိမှုနဲ့ ပြည်သူလူထုရဲ့ ချင့်ချိန်စဉ်းစားနိုင်မှုတွေဟာ အဓိက လိုအပ်ချက်တွေဖြစ်ကြောင်း ထင်မိပါကြောင်း ပြောကြားလိုပါတယ်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတခေါက် တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံတာတမံ စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် ရလဒ်ကောင်း ပေါ်ထွက်လာလိမ့်မယ်လို့ တရုတ်တို့ဘက်က မျှော်လင့်နေကြပါတယ်။ မြန်မာတွေဘက်ကရော ဘယ်လို သဘောထားကြမလဲ ဘယ်လို ဆုံးဖြတ်သင့်သလဲဆိုတာကို တရုတ်ပြည် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇော၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာနဲ့ ဆရာမကို မေးချင်တာက မြစ်ဆုံကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအဖွဲ့ထဲမှာ အာဏာအရှိဆုံး ပုဂ=== လို့ သတ်မှတ်ခြင်း ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ခရီးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို မလွှဲမသွေ ဆွေးနွေးပါလိမ့်မယ်။ ဒီကိစ္စဟာ မြန်မာပြည်သူတွေ အထူးအလေးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ စီမံကိန်းက ရနိုင်တဲ့ အကျိုးအမြတ် ဘယ်လောက် ရနိုင်လဲဆိုတာကိုလည်း အမှန်တကယ် နားလည်သဘောပေါက်ခဲ့ကြလားဆိုတာကို သိချင်ပါတယ်။ အဆိုးအကောင်းကို ချင့်ချိန်စဉ်းစားနိုင်တဲ့ အခြေအနေ ရှိခဲ့ရလားဆိုတာကို သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရကို လူကြိုက်မများတဲ့ အစိုးရလုပ်သမျှ၊ စစ်အစိုးရ လုပ်သမျှ ကန့်ကွက်ရမယ်ဆိုတဲ့ သဘောထားကလည်း တစ်ခု ရှိနေတဲ့အတွက်ကြောင့် ပထမဦးဆုံး ကျနော် အဲဒါကို သိချင်ပါတယ်။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သူတွေ အပြင်းအထန် ကန့်ကွက်ရမယ်။ အများစုက သူတို့ဟာ အခြေအနေမှန်ကိုသိလို့ ကန့်ကွက်တယ်လို့ သတင်းစာသမားတဦးအနေနဲ့ ဆရာ ထင်ပါလား။

XS
SM
MD
LG