သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ၃ပုံ ၁ပုံ နောက် ၄ နှစ်အတွင်း ပျောက်ကွယ်နိုင်


လန်ဒန်ရှိ Richmond Park တွင် ရှားပါးသဘာဝတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းထား
လန်ဒန်ရှိ Richmond Park တွင် ရှားပါးသဘာဝတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းထား

ကမ္ဘာတစ်ဝှမ်းက သဘာဝတောရိုင်းတိရစ္ဆာန်တွေ ဦးရေက ၁၉၇၀ ကတည်းက ၆၀ ရာခိုင်နှုန်း နီးပါးထိ ကျဆင်းသွားပြီး ဒီအကြောင်းရင်းက လူတွေရဲ့ လုပ်ဆောင်ချက်တွေကို အပြစ်တင်ရမှာပဲ ဖြစ်တယ်လို့ ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခုလို လတ်တလောဖြစ်စဉ် ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကမ္ဘာ့တိရစ္ဆာန်ဦးရေက ၂၀၂၀ ပြည့်နှစ်မှာ အခုရဲ့ ၃ပုံ ၂ပုံလောက်ပဲ ရှိတော့မှာဖြစ်ပြီး နှစ်စဉ် ၂ ရာခိုင်နှုန်းလောက် ကျဆင်းမူနှုုန်း ရှိလာနိုင်တယ် လို့ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ရံပုံငွေ အဖွဲ့World Wildlife Fund နဲ့ လန်ဒန် သတ္တဗေဒအသင်း Zoological Society of London တို့ရဲ့ပူးတွဲအစီရင်ခံစာမှာ သတိပေးထားပါတယ်။

ဒီအစီရင်ခံစာက သိပ္ပံပညာရှင်တွေ နှစ်ရှည်လများ စောင့်ကြည့်လာတဲ့ တိရစ္ဆာန်မျိုးစိတ်ပြအညွှန်းကို အခြေခံထားတာပါ။ ကမ္ဘာတစ်ဝှမ်းက တိရစ္ဆာန်မျိုးစုံ ဦးရေ ၁သောင်း ၄ထောင်ကျော် ၊ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၇၀၀ ပါဝင်ပါတယ်။

သဘာဝတောရိုင်းတိရစ္ဆာန်တွေ ဦးရေ သိသိသာသာကျဆင်းလာတာ လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။ ၁၉၆၀ ကထက် ကမ္ဘာ့လူဦးရေစာ ၂ ဆကျော်တိုးပြီး ၇.၄ ဘီလီယံထိရှိလာခဲ့တာဟာ တခြားတိရစ္ဆာန်တွေအတွက် အစားနဲ့နေရာ ပိုလျော့သွားစေပြီး အပြောင်းအလဲတွေမလုပ်ရင် မျိုးတုံးတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။

ဒီလို ပြဿ နာတွေ ပပျောက်ဖို့အစိုးရတွေဘက်က ကူညီပြီး ဆောင်ရွက်ပေးဖို့ကို သဘာ၀ ပတ်ဝန်းကျင်အဖွဲ့တွေက မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂက လတ်တလောထုတ်ပြန်လိုက်တဲ့ အဓွန့်ရှည်ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဟာ ဇီဝမျိုးကွဲတွေ ခြိမ်းခြောက်ခံနေရမှုတွေကျဆင်းရေးမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့ WWF ရဲ့ အမှုဆောင် Lambertini က ပြင်သစ်သတင်းဌာန AFP ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG