သုံးရလွယ်ကူစေသည့် Link များ

ရေကြီးမှုက မြန်မာ့ဆန် ပြည်ပတင်ပို့မှုကို ထိခိုက်နိုင်မလား အပိုင်း (၁)


၂၀၁၅ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ ရေကြီးနေစဉ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစလို့ မိုးသည်း၊ ရေကြီး ရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာမှာ စပါး အဓိက စိုက်ပျိုးတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအပါအ၀င်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းစတဲ့ ဒေသတွေက စိုက်ပျိုးရေးတွေ ဆိုးရွားစွာ ထိခိုက် ပျက်ဆီးမယ့် အလားအလာ ရှိနေတဲ့အတွက် ဆန်ထုတ်လုပ်မှု မထိခိုက်ရအောင် လယ်သမားတွေကို မျိုးစပါး အချိန်မှီ ပြန်ဖြန့်ဖြူးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ ဒေါက်တာ စိုးထွန်းနဲ့ သီးသန့် ဆက်သွယ် မေးမြန်းထားတာကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG