သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ Pulitzer ဆုရှင် Esther Htusan


(Photo Credit: Arya Sharma/Catch News)
(Photo Credit: Arya Sharma/Catch News)

အောက်တိုဘာလ ၁၃ ရက်နေ့က ၂၀၀၆ အတွက် Pulitzer ဆု ချီးမြှင့်တဲ့အခမ်းအနားကို နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ Esther Htusan လည်း ဆု တက်ရောက်ယူခဲ့ပါတယ်။

Public Service ဆိုတဲ့ လူထုအကျိုးပြုတဲ့ သတင်းယူတဲ့ကဏ္ဍ Pulitzer ရွှေတံဆိပ်ဆုကို AP သတင်းဌာနက ဆုချီးမြှင့်ခြင်းခံရတဲ့အတွက် Seafood from Slaves ဆိုတဲ့ "ကျွန်တွေထံက ပင်လယ်စာ" - ဆိုတဲ့ ဒီသတင်းကို စုံစမ်းထောက်လှမ်းရေးသားခဲ့ကြတဲ့ ဆုရှင် AP သတင်းထောက် ၄ ဦးစလုံးဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး၊ အဲဒီထဲက တဦးဖြစ်တဲ့ Esther ကလည်း မြန်မာနိုင်ငံက ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား အများစု ပါဝင်ကြတဲ့ ငါးဖမ်းသမားတွေအဖြစ် ကျွန်ပြုခိုင်းစေခံရတဲ့အကြောင်း စုံစမ်းထုတ်ဖော်ရေးသားခဲ့ကြတာပါ။ ဒီလိုအဖြစ်မှန်ကို စုံစမ်းပြီး ကမ္ဘာကိုတင်ပြခဲ့နိုင်လို့ ကျွန်ပြုခံရသူပေါင်း ၂ ထောင်လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာတော့ Esther Htusan နဲ့ ဆက်သွယ်မေးမြန်းထားပြီး ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၂၀၁၆ Pulitzer ဆုရှင် Esther Htusan
please wait

No media source currently available

0:00 0:09:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG