သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးအခွင့်အရေး တရားရေးမဏ္ဍိုင်ရဲ့ အာမခံချက်


ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အမျိုးသမီးများ (နိုဝင်ဘာ ၁၁ ရက်နေ့၊ ၂၀၁၄)
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အမျိုးသမီးများ (နိုဝင်ဘာ ၁၁ ရက်နေ့၊ ၂၀၁၄)

ရှင်သန်ရပ်တည်ရေး ရုန်းကန်လှုပ်ရှားရတဲ့ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာဖြစ်ဖြစ် သွားရင်းလာရင်း ဖြစ်ဖြစ် တိုက်ခိုက်ခံရတာ၊ ခြိမ်းခြောက်ခံရတာ၊ ခေါင်းပုံဖြတ် မတရားခိုင်းစေခံရတာလိုမျိုး အခြေအနေတွေကို အာဏာပိုင်တွေဘက်က ဥပဒေရဲ့ ပြဌာန်းချက်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပေးမှု အားနည်းနေတဲ့၊ လစ်လျူရှုထားတဲ့ အခြေအနေတွေကို ဘယ်လိုအရေးယူဖြေရှင်းနိုင်မလဲ ဆိုတာကို ဆွေးနွေးထားတဲ့ အင်္ဂါနေ့ညချမ်းတိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်နိုင်ပါတယ်။ ပင်တိုင်ဆွေးနွေးသူတွေကတော့ အမျိုးသမီးအရေး အစဉ်တစိုက် ဆောင်ရွက်နေတဲ့ အမျိုးသားလွှတ်တော်အမတ် နော်ဆူဆန်နာလှလှစိုး၊ လူ့အခွင့်အရေး ရှေ့နေကြီး ဦးသိန်းသန်းဦး၊ လတ်တလော အကြမ်းဖက်ခံရပါတယ်ဆိုတဲ့ အမျိုးသမီးငယ်တွေကို ကူညီပေးနေသူ ဒေါ်အမာနီတို့နဲ့ ဗွီအိုအေ သောတရှင်တွေ ဆွေးနွေးထားကြပါတယ်။ မသိင်္ဂ ီထိုက် စီစဉ်ပြီး ထုတ်လုပ်သူက မဆုမွန် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG