သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ အကြိုဗိုလ်လုပွဲ တက်သွားပြီ


စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ် တတိယပွဲမှာ ဂျာမနီအသင်းက အာဂျင်တီးနားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဂျာမနီအသင်းအတွက် ဂိုးတွေကို ပထမပိုင်း သုံးမိနစ်မှာ ညာဘက် အလယ်တန်းလူ ကျောနံပါတ် ၁၃ Thomas Muller၊ ဒုတိယပိုင်းစပြီး ၆၈ မိနစ်နဲ့ ၈၉ မိနစ်တို့မှာ ရှေ့တန်း တိုက်စစ်မှူး ကျောနံပါတ် ၁၁ Miroslav Klose၊ ၇၄ မိနစ်မှာ နောက်တန်း ဘယ်အစွန်လူ ကျောနံပါတ် ၃ Arne Friedrich တို့က အသီးသီး သွင်းယူခဲ့တာပါ။

ဂျာမနီအသင်းဟာ ၂၀၀၆ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့ဖူးပါတယ်။

အခုပွဲကို ဂျာမနီအနိုင်ရလိုက်တဲ့အတွက် တနင်္ဂနွေနေ့ညဘက်မှာ ယှဉ်ပြိုင်ကစားကြမယ့် ပါရာဂွေးနဲ့ စပိန်အသင်းတို့ပြိုင်ပွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ဇူလိုင်လ ၇ ရက်နေ့ကျရင် အကြို ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။

ဥရုဂွေးအသင်းနဲ့ နယ်သာလန်အသင်းတို့ကတော့ ဇူလိုင်လ ၆ ရက်နေ့မှာ အကြိုဗိုလ်လုပွဲ ပထမ ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG