သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အင်္ဂါနေ့ပွဲစဉ် ဘရာဇီးအသင်း မြောက်ကိုရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်


မနေ့က ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ကမ္ဘာကျော် ဂိုးသွင်းကောင်းသူ ၂ ယောက်ဟာ တဂိုးမှ မသွင်းနိုင်ခဲ့ကြသလို ကမ္ဘာ့နံပါတ် ၁ အဆင့် သတ်မှတ်ခံရတဲ့ ဘရာဇီး ဘောလုံးအသင်းကလည်း တဂိုးရဖို့ မိနစ် ၆၀ နီးနီး ကြာခဲ့ပါတယ်။

အိုင်ဗရီကို့စ်နဲ့ ပေါ်တူဂီ အသင်းတို့ ပွဲမှာ ဂိုးမရှိသရေ ကျသွားခဲ့ပါတယ်။ အိုင်ဗရီကို့စ် အသင်းမှာ ချယ်ဆီးအသင်းက နာမည်ကြီး ရှေ့တန်းလူ ဒရော့ဂ်ဘာ (Drogba) က ဒုတိယပိုင်းမှာ ဝင်ရောက် ကစားခဲ့သလို ပေါ်တူဂီအသင်းမှာလည်း ရော်နယ်ဒို (Ronaldo) က အချိန်ပြည့် ကစားသွားခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။

ကမ္ဘာ့ဖလား ၅ ကြိမ်ရ ဘရာဇီးအသင်းက အုပ်စု G မှာ မြောက်ကိုရီးယား အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပြီး နယူးဇီလန်နဲ့ စလိုဗီးနီးယား အသင်းတို့ ပွဲမှာတော့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။

XS
SM
MD
LG