သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ပွဲဦးထွက် တောင်အာဖရိက နဲ့ မက္ကဆီကို ၁ ဂိုးသရေ


တောင်အာဖရိကမှာ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ စပါပြီ။ ဒါဟာ ကမ္ဘာ့ဖလားပွဲကို တောင်အာဖရိကတိုက်မှာ ပထမဆုံး ကျင်းပတာဖြစ်ပြီး၊ ပွဲဦးထွက် တောင်အာဖရိက နဲ့ မက္ကဆီကိုတို့ ၁ ဂိုး စီ သရေကျသွားကြပါတယ်။

တောင်အာဖရိက အသင်း အရောင် အဖြစ်တဲ့ အဝါရောင်နဲ့ အစိမ်းရောင်တွေကို အများစုက ဝတ်ဆင်ထားတဲ့ ပရိသတ် ၉ သောင်းဟာ အသစ်ပြန်လည် မွမ်းမံထားတဲ့ ဆိုဝီတို အရပ်က ဘော်လုံမြို့တော် အားကစားကွင်းကို သောကြာနေ့က လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ သူတို့က အိမ်ရှင်အသင်း တောင်အာဖရိက နဲ့ မက္ကဆီကိုတို့ ၁ ဂိုးစီ သရေကျသွားတဲ့ပွဲကို လာကြည့်ကြတာပါ။ နိုင်ငံပေါင်း ၃၂ နိုင်ငံက ဘောလုံးအသင်းတွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး တစ်လလောက်ကြာမှာ ဖြစ်ပါတယ်။

ကိပ်တောင်းမြို့ မှာ ကျင်းပတဲ့ ပြင်သစ်နဲ့ ဥရုဂွေး တို့ရဲ့ ဂိုးမရှိသရေကျသွားတဲ့ ပွဲကိုလည်း ကွင်းပြည့် လာရောက် ကြည့်ရှုကြပါတယ်။

နိုင်ငံခေါင်းဆောင်တွေလည်း ပထမပွဲကို တက်ရောက် ကြည့်ရှုခဲ့ကြရာမှာ တောင်အာဖရိက သမ္မတ Jacob Zuma နဲ့ မက္ကဆီကို ခေါင်းဆောင် Felipe Calderon တို့လည်း ပါဝင်သလို၊ အမေရိကန် ဒုတိယ သမ္မတ Joe Biden လည်း ပါဝင်ပါတယ်။

နိုဘယ် ဆုရှင် ဒက်မွန်တူးတူး က တောင်အာဖရိက အသင်း ဝတ်စုံဝတ်ပြီး ဖွင့်ပွဲမှာ ကနေတာကိုလည်း ရုပ်မြင်သံကြားက ပြသပါတယ်။

တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်န် မင်ဒဲလား ကတော့ သူ့ ရဲ့ မြစ်တော်သူ မိန်းခလေး ဂီတဖျော်ဖြေပွဲကအပြန် ကားချင်းတိုက်မိပြီး ဆုံးသွားတဲ့အတွက် ဖွင့်ပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။

XS
SM
MD
LG