သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲ ဂျာမဏီ တတိယစွဲ


ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဂျာမန်အသင်း နောက်တန်းလူ Sami Khedira (လယ်) (ဇူလိုင်လ ၁၀၊ ၂၀၁၀)
ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဂျာမန်အသင်း နောက်တန်းလူ Sami Khedira (လယ်) (ဇူလိုင်လ ၁၀၊ ၂၀၁၀)

ပွဲပြီးဖို့ ၈ မိနစ်လောက်အလိုမှာ ခေါင်းတိုက်သွင်းတဲ့ ဘောလုံးနဲ့ ဥရုဂွေးကို ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီး ဂျာမနီဟာ ကမ္ဘာ့ဖလားပွဲမှာ တတိယနေရာ ကို ရရှိသွားပါတယ်။ ၈၂ မိနစ်မှာ ဂျာမန် အသင်း ရရှိတဲ့ ညာထောင့်ကန်ဘောလုံးကို ဥရုဂွေး နောက်တန်း လူတွေက ဖျက်မထုတ်နိုင်တဲ့ အတွက် ဂျာမန် နောက်တန်းလူ ဆာမီ ခဒီရား က ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေး ဟာ ဂျာမနီ ကို ၈၂ နှစ်အတွင်း ပထမဆုံး အကြိမ် အနိုင်ကစားမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဒီဂိုးကြောင့် ထင်တိုင်း မပေါက်ခဲ့ဘဲ ဖြစ်သွားခဲ့ပါတယ်။ ၁၉ မိနစ် မှာ သောမတ်စ် မူလာ က ပထမဂိုး ကို စသွင်းယူသွားခဲ့ပြီး၊ နောက် ကိုးမိနစ် အကြာမှာ ဥရုဂွေး အယ်တန်းလူ ကာဗာနီ က ချေပဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဥရုဂွေး ရှေ့တန်းလူ Diego Forlan က ဥရုဂွေး ရဲ့ ဦးဆောင် ဒုတိယ ဂိုး ကို သွင်းယူနိုင်ခဲ့ပေမဲ့ နောက် ၆ မိနစ် အတွင်းမှာ ဂျာမနီ က ချေပဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မှာ စပိန် နဲ့ နယ်သာလန် တို့ ဗိုလ်လုပွဲ ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG