သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဒု-ပွဲစဉ် မက္ကဆီကိုက ပြင်သစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်


ဒီနေ့ ကမ္ဘာ့ဖလားပွဲ ဒုတိယပွဲစဉ်မှာ မက္ကဆီကိုက ပြင်သစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မက္ကဆီကို အလယ်တန်းလူ ရာဖေးလ် မားကွက်ဇ် (Rafael Marquez) အဝေးကနေ တင်ပို့လိုက်တဲ့ ဘောလုံးကို ရှေ့တန်းလူ ဟာနန်းဒက်ဇ် (Harnandez) က သယ်ပြေးပြီး ဂိုးသမားကို လိမ်ကာ ပထမဂိုးကို ၆၄ မိနစ်မှာ သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဟာနန်းဒက်ဇ်ကို ပရီးမီးယားလိဂ် ဘောလုံးအသင်း မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာ့ဖလား မတိုင်မီလေးမှာပဲ စာချုပ် ချုပ်ထားပါတယ်။ ဒုတိယဂိုး၊ ပယ်နယ်တီဂိုးကိုတော့ ၇၉ မိနစ်မှာ မက္ကဆီကိုက သွင်းခဲ့တာ ဖြစ်ပါတယ်။

အုပ်စု A မှာ မက္ကဆီကိုဟာ ဥရုဂွေးနဲ့ ၁ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ၄ မှတ်စီရပြီး ဦးဆောင်နေကြပါတယ်။

ပြင်သစ်နဲ့ တောင်အာဖရိကတို့ကတော့ ၁ ပွဲရှုံး၊ ၁ ပွဲသရေနဲ့ ၁ မှတ်စီ ရနေကြပါတယ်။ နောက်ပွဲတွေ နိုင်ကြမယ်ဆိုရင် အမှတ်တူ ဖြစ်သွားတာကြောင့် ဂိုးအကြောနဲ့ အဆင့်နေရာ ခွဲရမှာ ဖြစ်ပါတယ်။

တခြားပွဲတွေမှာတော့ အာဂျင်တီးနားအသင်းက ကိုရီးယားအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အာဂျင်တီးနား အလယ်တန်းလူ ဂွန်ဇာလို ဟီဂူအင် (Gonzalo Higuain) က ၃ ဂိုး သွင်းခဲ့တာပါ။ သူက စပိန်နိုင်ငံက ရီးရဲမက်ဒရစ်အသင်းမှာ ကစားပါတယ်။

ဂရိနဲ့ နိုင်ဂျီးရီးယားတို့ ပွဲမှာတော့ ဂရိက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

XS
SM
MD
LG