သုံးရလွယ်ကူစေသည့် Link များ

ပေါ်တူဂီအသင်း မြောက်ကိုရီးယားကို ၇ ဂိုး ဂိုးမရှိနဲ့နိုင်

  • ဗွီအိုအေ (မြန်မာဌာန)

မနေ့ တနင်္လာနေ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေမှာတော့ ပေါ်တူဂီအသင်းဟာ မြောက်ကိုရီးယားအသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ အပြတ် အနိုင်ယူသွားပါတယ်။ ဒါကြောင့် အုပ်စု G မှာတော့ ပေါ်တူဂီအသင်းဟာ ဒုတိယနေရာမှာ ရှိနေပါတယ်။ ပေါ်တူဂီအသင်းဟာ ၁ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းမှာ ဦးဆောင်ကစားနေပြီး ဒုတိယပိုင်းကျမှ ဆက်တိုက်သွင်းယူတာပါ။

တနင်္လာနေ့ ဒုတိယပွဲစဉ်မှာတော့ ချီလီအသင်းက ဆွစ်ဇာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ တနင်္လာနေ့ ပွဲစဉ်ရဲ့ နောက်ဆုံးပွဲကတော့ စပိန်နဲ့ ဟွန်ဒူးရပ်စ်ဖြစ်ပြီး စပိန်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့

အနိုင်ကစားသွားပါတယ်။ စပိန်ရဲ့ ၂ ဂိုးလုံးကို စပိန် ရှေ့တန်းတိုက်စစ်မှူး ဒေးဗစ် ဗီလာ (David Villa) က သွင်းယူခဲ့ပါတယ်။ ဥရောပချန်ပီယံ စပိန်အသင်းဟာ လာမယ့် သောကြာနေ့ကျရင်တော့ ချီလီနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုဗိုလ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။

အခု အင်္ဂါနေ့မှာတော့ အုပ်စု A နဲ့ B ကစားကြမှာ ဖြစ်ပါတယ်။ အုပ်စု A က မက္ကဆီကိုနဲ့ ဥရုဂွေး၊ နောက် အိမ်ရှင် တောင်အာဖရိကနဲ့ ပြင်သစ်တို့ ကစားကြမှာ ဖြစ်သလို အုပ်စု B မှာတော့ တောင်ကိုရီးယားနဲ့ နိုင်ဂျီးရီးယား၊ အာဂျင်တီးနားနဲ့ ဂရိတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG