သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရုဂွေးနဲ့ နယ်သာလန်တို့ အကြိုဗိုလ်လုပွဲ တက်သွားပြီ


သောကြာနေ့က ကစားခဲ့တဲ့ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဥရုဂွေးအသင်းက ဂါနာအသင်းကို ပယ်နယ်တီအဆုံးအဖြတ် ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒုတိယပိုင်းပြီးချိန်အထိ တဘက် တဂိုးစီနဲ့ သရေကျနဲ့ခဲ့တဲ့အတွက် အချိန်ပို နာရီဝက် ဆက် ကစားခဲ့ကြရပါတယ်။ အချိန်ပိုနားရီဝက်ပြည့်ခါနီး ဥရုဂွေးအသင်းဂိုးရှေ့မှာ ဂါနာက သွင်းတဲ့ဘောလုံးကို ဥရုဂွေးကစားသမားက လက်နဲ့ ပုတ်ထုတ်တာကြောင့် ဥရုဂွေးရှေ့တန်းလူ အနီကဒ်ပြ အထုတ်ခံရသလို ဂါနာက ပယ်နယ်တီကန်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပယ်နယ်တီဘော လွဲခဲ့ပြီး နောက်ဆုံး အပြန်အလှန် ပယ်နယ်တီကန်တဲ့ အခါမှာတော့ ဂါနာအသင်းရှုံးခဲ့ရတာပါ။

ဒီမတိုင်ခင်ပွဲမှာတော့ နယ်သာလန်အသင်းက ဘရားဇီးအသင်းကို နှစ်ဂိုးတဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။

XS
SM
MD
LG