သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီနဲ့စပိန်၊ နယ်သာလန်နဲ့ဥရုဂွေး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တောင်အာဖရိကနိုင်ငံ Durban မြို့မှာ ဂျာမနီနဲ့စပိန်၊ ကိပ်တောင်းမြို့မှာ နယ်သာလန်နဲ့ ဥရုဂွေးတို့ ဇူလိုင်လ ၆ ရက်၊ အင်္ဂါနေ့ကျရင် ကစားကြရမှာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် နံပတ်နှစ်လည်းဖြစ်၊ ဥရောပချန်ပီယံလည်းဖြစ်တဲ့ စပိန်အသင်းဟာ ပါရာဂွေးအသင်းကို ကွာတားဖိုင်နယ်ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ စပိန်အသင်းအတွက် တလုံးတည်းသော ဂိုးကို ရှေ့တန်းလူ David Villa က ၈၃ မိနစ်မှာ သွင်းယူသွားခဲ့တာပါ။

စောစောပိုင်းပွဲမှာတော့ ဂျာမနီက အာဂျင်တီးနားကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်သွားခဲ့ပါ တယ်။

သောကြာနေ့ပွဲတွေမှာ နယ်သာလန်အသင်းက ကမ္ဘာ့နံပတ်တစ်အဆင့် ဘရာဇီး အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ဥရုဂွေးက ဂါနာကို အချိန်ပိုအထိ သရေကျပြီးမှ ပယ်နယ်တီ ကန်သွင်းကြပြီးတော့ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေကို အင်္ဂါနဲ့ ဗုဒ္ဒဟူးနေ့တွေမှာ ကစားကြမှာဖြစ်ပြီး နောက်ဆုံး ဖိုင်နယ်ပွဲကိုတော့ ဇူလိုင်လ ၁၁ ရက်၊ တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ ရှုံးသွားခဲ့တဲ့ အာဖရိကရဲ့ တစ်ခုတည်းသော လက်ကျန် အသင်းဖြစ်တဲ့ ဂါနာအသင်းကို တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆန် မန်ဒဲလားက စနေနေ့မှာ ဂုဏ်ပြုတွေ့ဆုံခဲ့ပါတယ်။

မန်ဒဲလားက ဂါနာဘောလုံးသမားတွေကို ချီးကျူးပြောဆိုခဲ့ပြီး ကွားတားဖိုင်နယ် မှာ ရှုံးသွားခဲ့ပေမဲ့ အိမ်အပြန် ခေါင်းမော့ ပြန်နိုင်တယ်လို့ ကြေညာချက်မှာ ပြောခဲ့ ပါတယ်။

XS
SM
MD
LG