သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးပွဲအတွင်း တောင်အာဖရိက ပရိသတ် စည်းကမ်းရှိဖို့ လိုအပ်


တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အကြိုလေ့ကျင့် ကစားပွဲတွေ တနင်္ဂနွေနေ့မှာ မစတင်မီမှာဘဲ လူပေါင်း ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အထိ တိုးဝှေ့နင်းမိတဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရတဲ့နောက် ဘောလုံးဝါသနာအိုးတွေ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်ဖို့ တောင်အာဖရိက အစိုးရက အထူးမေတ္တာရပ်ခံချက် တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

ဘောလုံး ပရိသတ်တွေ အနေနဲ့ အများပြည်သူတွေရှေ့ ယဉ်ယဉ်ကျေးကျေး ပြုမူကြဖို့ ဒီကနေ့ အစိုးရရဲ့ ကြေညာချက်က တိုက်တွန်းလိုက်တာပါ။

အားကစားပွဲတွေကို တက်ရောက်ကြသူတွေ၊ အများသူငါ ကြည့်ရှုကြတဲ့ နေရာတွေမှာ တခြားလူတွေ ထိခိုက်အောင်၊ ဒဏ်ရာရအောင် မဖြစ်စေဖို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်မခံနိုင်စရာ၊ ထိန်းမနိုင် သိမ်းမရ အနှောင့်အယှက်ဖြစ်အောင် လုပ်လာမယ် ဆိုရင်တော့ သည်းညည်းခံမှာ မဟုတ်ဘူးလို့လည်း သတိပေးခဲ့တာပါ။

ကမ္ဘာ့ဖလား ကွင်းဖွင့်ပွဲနေ့အဖြစ် သောကြာနေ့ကျရင် ဂျိုဟန်နက်စဘက်ခ်မြို့က ကွင်းမှာ တောင်အာဖရိကနဲ့ မက္ကဆီကို နိုင်ငံတို့ကြား စတင်ကစားမယ့် ပွဲကိုတော့ ပရိသတ် ၉၀,၀၀၀ ကျော်လောက် တက်ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG