သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရာဂွေးနဲ့ စပိန် နှစ်သင်း ကွာတားဖိုင်နယ် တက်ပြီ


တောင်အာဖရိကနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ် နောက်ဆုံးပွဲစဉ်မှာတော့ ကမ္ဘာ့ဖလား ရယူမယ်လို့ ရေပန်းစားနေတဲ့ စပိန်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ် တက်သွားခဲ့ပါပြီ။

မနေ့က ကိပ်တောင်းမြို့မှာ ကစားခဲ့ကြတဲ့ ဒီပွဲမှာ စပိန်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ဘာစီလိုနာ ကလပ်မှာ ကစားနေသူ ဒေးဗစ် ဗီလာ (David Villa) က ဒုတိယပိုင်း ၁၈ မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ် နောက်တခုဖြစ်တဲ့ ပရီတိုးရီးယားမြို့က ဂျပန်နဲ့ ပါရာဂွေးတို့ ပွဲစဉ်မှာ မိနစ် ၉၀ အချိန်ပြည့်၊ နောက်ထပ် အချိန်ပို မိနစ် ၃၀ တို့မှာပါ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြလို့ ပယ်နယ်တီ ၅ လုံးစီ ကန်သွင်းတဲ့အခါမှာ ပါရာဂွေးက ၅ ဂိုး သွင်းပြီးချိန်မှာ ဂျပန်က ၄ ဂိုးသွင်းတာ ၃ ဂိုးပဲ သွင်းနိုင်တာကြောင့် ၅ ဂိုး ၃ ဂိုးနဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ပါရာဂွေးဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG