သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ကမ္ဘာ့ဖလားဆု စပိန်ရရှိ


စပိန်အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရရှိပြီး ချန်ပီယံ ဖလားကြီးကို ရရှိသွားခဲ့ပါပြီ။ မနေ့က ကျင်းပတဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ စပိန်အသင်းက နယ်သာလန်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲစဉ် ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ခုစလုံးမှာ နှစ်ဘက်စလုံး သရေကျနေခဲ့ပြီး အချိန်ပို ဒုတိယပိုင်းစလို့ ၁၁ မိနစ်၊ အချိန်ပို ကစားပွဲတွေ ပြီးခါနီး ၄ မိနစ်မှာ စပိန်အသင်းဘက်က အန်ဒရေ အင်နက်စတာ (Andres Iniesta) က စပိန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲဒီအချိန်မှာ နယ်သာလန်ဘက်က တဦး အနီကတ်ပြ အထုတ်ခံရလို့ နယ်သာလန်ဟာ ၁၀ ဦးနဲ့ ကစားနေရချိန် ဖြစ်ပါတယ်။

ဥရောပပြင်ပ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဥရောပအသင်းက အနိုင်ရမှုဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ပွဲစဉ်တခုလုံးမှာ နှစ်ဘက်စလုံးက အင်တိုက်အားတိုက် ကြမ်းကြမ်းတမ်းတမ်း ကစားတာကြောင့် နှစ်ဘက်စလုံးကို ဒိုင်က စုစုပေါင်း အဝါကတ် ၁၃ ခု ပေးခဲ့ပါတယ်။

အခု စပိန်နဲ့ နယ်သာလန်တို့ ကစားကြတဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်ကို တကမ္ဘာလုံးက လူ သန်းပေါင်း ၇၀၀ ကျော် ရုပ်မြင်သံကြားတွေကနေ စောင့်ကြည့်နေကြတယ်လို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခန့်မှန်းထားပါတယ်။ ဒါက ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို စောင့်ကြည့်ခဲ့တဲ့ အရေအတွက်ထက် များပြားတယ်လို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူး နစ်ကလပ်စ် အဲရစ်ဆင် (Niclas Ericson) က ပြောပါတယ်။ အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေပေါ်က ကြည့်တဲ့ အရေအတွက်ကိုပါ ထည့်တွက်ရင်တော့ ဒီထက်ပိုပြီး များပြားတယ်လို့ Ericson က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ကြည့်ရှုတဲ့ ပရိသတ်ဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲထက် ၅၀% အထိ တိုးများလာတယ်လို့ သိရပါတယ်။

XS
SM
MD
LG