သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ZIKA ကာကွယ်ဆေး ထုတ်နိုင်ဖို့ ၁၈လ ကြာ စောင့်ရဦးမည်


ZIKA စမ်းသပ်စစ်ဆေးမှု။
ZIKA စမ်းသပ်စစ်ဆေးမှု။

ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြီးကြီးမားမား စမ်းသပ်မှုတွေလုပ်နိုင်ဖို့ ၁၈ လထက် မနည်း ကြာဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကပြောလိုက်ပါတယ်။ ကာကွယ်ဆေး သုတေသနမှာ အစုအဖွဲ့ ဒါမှမဟုတ် ကုမ္ပဏီ ၁၅ ခုလောက်ပါဝင်ပြီး အလျင်အမြန် လုပ်နေတယ်လို့ WHO ပြောခွင့် ရ အမျိုးသမီး Marie-Paule Kieny က သတင်းထောက်တွေကို ပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးနဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အခြေအနေနှစ်ရပ်ကြား ဆက်စပ်နေသလား ဆိုတာကို သီတင်းပတ်အနည်းငယ်အတွင်း အတည်ပြုနိုင်မယ်လို့ WHO က ယုံကြည်ထားတယ်ဆိုတာကိုလည်း သူကပြောပါတယ်။ ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ microcephaly ဆိုတဲ့ရောဂါနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ထားကြတာပါ။

ဒီ ရောဂါကြောင့် မွေးကင်းစကလေးငယ်တွေမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဦးနှောက်တွေ ပါလာသလို Guillian-Barre syndrome ဆိုတဲ့ ခန္ဓာ ကိုယ်ခုခံအားက အာရုံကျောတွေ ကို ဒုက္ခပေးတဲ့ အခြေအနေလည်း ပါလာပါတယ်။ ဒီ Guillian-Barre ရောဂါ လက္ခဏာဟာ ပုံမှန် အားဖြင့် အရွယ်ရောက်ပြီးသား လူတွေမှာ ဖြစ်တတ်ပြီး ကြွက်သားတွေ အားနည်းပြီးတော့ အာရုံကျောစနစ်ကို ထိခိုက် ပျက်စီးစေ တာပါ။ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်တာကို WHO ကဒီကနေ့ ဂျီနီဗာမှာ ထုတ်ပြန်တာပါ။

XS
SM
MD
LG