လက်ဝတ်ရတနာ မှာ ရွှေစစ်စစ်ကို မသုံးပဲ ရွှေကို တခြားသတ္တုတွေ ရောစပ်ပြီး ဘာကြောင့်သုံးရတာပါလဲ။ ရွှေနဲ့ ပလက်တီနမ်၊ ပလေဒီယံ သတ္တုတွေကို စပ်သုံးတာ၊ ကြေးခေါင်းလောင်းတွေ အမြှောက်တွေလုပ်တဲ့ ကြေးနီ ကြေးဝါတွေနဲ့ သတ္တုစပ်တွေ အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အင်ဒိုနီးရှားမှာ လက်ကျန်ဆန် နည်းလာပြီး ၊ ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်သွားတာကြောင့် ပြည်သူတွေ ဆန်ကို အလုအယက်ဝယ်ကြတဲ့အကြောင်းနဲ့ ဂျပန်မှာ ကျဆင်းလာတဲ့ ဗဟိုဘဏ်က အတိုးနှုန်း အနည်းငယ် မြှင့်တင်လိုက်တာကို ဘဏ်မှာ ငွေချေးသူတွေ စိုးရိမ်ညည်းတွားကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအာဘော်မပျက် ထုတ်နှုတ်ပြောပြထားပါတယ်။
အိန္ဒိယမှာ မကြာခင် အထွေထွေရွေးကောက်ပွဲကျင်းပတော့မှာ ဖြစ်လို့ လက်ရှိဝန်ကြီးချုပ်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေဟာ များပြားလှတဲ့ အမျိုးသမီးမဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရှိအောင် ဆောင်ရွက်နေကြပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသမီးမဲဆန္ဒရှင်တွေ အများအပြား တက်တက်ကြွကြွသွားရောက်မဲထည့်ခဲ့ကြပါတယ်။
အရှေ့ဂျေရုဆလင်က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ ပါလက်စတိုင်းလူနာတွေ ဆေးကုပြီးရင် ဂါဇာကမ်းမြောင်ကို ပြန်ပို့ဖို့ အစ္စရေးက အမိန့်ထုတ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီးတဲ့နောက် အစ္စရေးတရားရုံးချုပ်က အခုဒီကိစ္စကို ဆိုင်းငံ့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ရေအရင်းအမြစ်တွေနဲ့သက်ဆိုင်တဲ့ ပဋိပက္ခဖြစ်နိုင်ခြေတွေ ပိုတိုးလာနေတယ်လို့ သောကြာနေ့ကပြုလုပ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေနေ့အခမ်းအနားမှာ ကုလသမဂ္ဂကပြောပါတယ်။ Henry Ridgwell ပေးပို့ထားတဲ့သတင်းကို ကိုစံကျော်ပြောြပပါမယ်။
နွေပူလာချိန် အပူရှပ်လာလျှင် ဘယ်လို ရှေးဦးသူနာပြုစုပေးသင့်ပြီး၊ ဘယ်ပုံဆက်ကူညီကာ၊ ဒီအပူရှပ်ဒဏ် စပြီးမခံရအောင်ပါ ဘာတွေ ဝိုင်းကူပေးနိုင်ပါလဲ။ ပိုပူလာနိုင်တဲ့ အခုနွေရာသီမှာ၊ အပူရှပ်အဖျားကြီးလာခဲ့လျှင် ပိုပြင်းထန်တဲ့ အဆင့်မရောက်အောင် ရှေးဦးသူနာပြုစုပေးဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။
ယူကရိန်စစ်ကို သတင်းလိုက်ကြတဲ့ သတင်းသမားတွေအပေါ် ရုရှားက ပြင်းထန်တဲ့ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက် ရုရှားသတင်းထောက်တွေ ဒါဇင်ချီပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လူက နိုင်ငံနဲ့ဝေးသွားပေမဲ့ ပြည်ပရောက် သတင်းသမားတွေအနေနဲ့ စိတ်မချရသေးပါဘူး။
နွေပူလာချိန် အပူရှပ်လာလျှင် ဘယ်လို ရှေးဦးသူနာပြုစုနည်း ပေးသင့်ပြီး၊ ဘယ်ပုံဆက်ကူညီကာ၊ အပူရှပ်ဒဏ် စပြီးမခံရအောင်ပါ ဘာတွေ ဝိုင်းကူပေးနိုင်ပါလဲ။
စစ်ကောင်စီတပ်စခန်း (၅) ခုကို ဗုဒ္ဓဟူးနေ့မှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့တာ၊ ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းက စစ်ကောင်စီတပ်သား ၁၀၀ လောက် ရက္ခိုင့်တပ်တော်(AA) ဆီမှာ လက်နက်ချအညံ့ခံခဲ့တာ စတဲ့ တိုင်းရင်းဒေသကသတင်းတွေကို တိုင်းရင်းသတင်းထောက်တွေ စုစည်းတင်ပြထားပါတယ်။
ကရင်နီပြည်ထဲက အဓိကကျတဲ့ ဒေသတွေကို ကရင်နီ လက်နက်ကိုင်တပ်ပေါင်းစုက သိမ်းပိုက်ခဲ့ပြီး နယ်စပ်မြို့ မယ်စဲ့ကိုလည်း ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ရတယ်လို့ ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ကလလတ တပ်မှူးတွေက ပြောပါတယ်။
ရာသီဥတုဖောက်ပြန်မှုတွေက အီစတာ ချောကလက်တွေရဲ့ ဈေးတွေကိုပိုကြီးမြင့်စေပါတယ်။ ကိုကိုးအဓိက ထုတ်လုပ်တင်ပို့တဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ပျိုးကုန်ကျစရိတ်ပိုများခဲ့သလို အထွက်နှုန်းလည်း ကျစေခဲ့တာတွေကြောင့် ချောကလက်ဈေးနှုန်းတွေအပေါ်ကို သက်ရောက်မှုတွေရှိစေခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။