သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ၅ ရက်မြောက် စံချိန်သစ်တွေတင်


အောင်ပွဲခံနေသည့် ဟန်ဂေရီ ရေကူးအားကစားသမား Daniel Gyurta (ဝဲ)။ သြဂုတ် ၁၊ ၂၀၁၂။
အောင်ပွဲခံနေသည့် ဟန်ဂေရီ ရေကူးအားကစားသမား Daniel Gyurta (ဝဲ)။ သြဂုတ် ၁၊ ၂၀၁၂။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ငါးရက်မြောက်နေ့မှာ သမိုင်းဝင် မှတ်တမ်းအများအပြား ထွက်ပေါ်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်တဲ့ အမျိုးသားမီတာ ၂၀၀ ရင်ဘောင်ကူးပြိုင်ပွဲမှာ ဟန်ဂေရီ ရေကူးသမား ဒန်နီယယ်လ် ဂိုင်အူရ်တာ (Daniel Gyurta) က ၂ မိနစ် ၇.၂၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် ချိုးခဲ့ပါတယ်။
တရုတ်အလေးမသမား လျူ ဆောင်ကျွန်း (Lu Xiaojun) က အမျိုးသား ၇၇ ကီလိုဂရမ် အလေးမတန်းမှာ ကမ္ဘာ့စံချိန် ချိုးခဲ့ပါ တယ်။
သြစတြေးလျ အမျိုးသမီး ဘတ်စ်ကက်ဘောကစားသမား လော်ရန်န် ဂျက်က်ဆန် (Lauren Jackson) ကတော့ အိုလံပစ် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲရဲ့ သမိုင်းတလျှောက် အမှတ်အများဆုံး ရယူနိုင်သူဖြစ်ခဲ့ပါတယ်။ သူဟာ နာမည်ကျော်
အမေရိကန် ဘတ်စကက်ဘော အားကစားမယ် လီဆာ လက်စ်လီ (Lisa Leslie) ရထားတဲ့ ၄၈၈ မှတ်ထက် ကျော်ပြီး ရယူနိုင် ခဲ့ပါတယ်။
ဂျပန်ဂျွမ်းဘားအားကစားသမား ကိုဟဲ့အိ အုချိမူရ (Kohei Uchimura) က အအောင်မြင်ဆုံး အမျိုးသား ဂျွမ်းဘား အားကစား သမားတွေထဲမှာ စာရင်းဝင်သွားပါပြီ။ မျိုးစုံပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ သုံးကြိမ်ရထားတဲ့ အုချိမူရဟာ အခုပြိုင်ပွဲ တဦးချင်း နောက်ဆုံးဗိုလ်လုပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။
XS
SM
MD
LG