သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသေအပျောက်ရှိတဲ့ မွမ်ဘိုင်းအဓိကရုဏ်း


India Burma
India Burma

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေအပေါ် မကျေမနပ် ဖြစ်ကြတဲ့ မူစလင် အဖွဲ့အစည်းတွေက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တော်အတွင်း ဆန္ဒပြပွဲတခုပြုလုပ်ခဲ့ရာမှာ မထင်မှတ်ဘဲ အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အာသံပြည်နယ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး မူစလင် ဘာသာ ဝင် တွေဘက်က မကျေမနပ် ဖြစ်နေကြသူတွေက အာဇတ် မေဒင် ကွင်းအတွင်းမှာ စနေနေ့က စတင် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့လူအုပ်ကြီးဟာ တနင်္ဂနွေနေ့မှာတော့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ကို ကျောက်ခဲတွေ တုတ်တွေ နဲ့ တိုက်ခိုက် ခဲ့ကြတာပါ။ ရဲကားတွေ ဘတ်စ်ကားတွေကိုလည်း မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်၊ ရဲက သေနတ် မိုးပေါ်ထောင်ဖောက် ပြီး လူစုခွဲဖို့ ကြိုးစားခဲ့တယ် လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေ ထဲမှာ ရဲတပ်ဖွဲ့ဝင်တွေအရေအတွက်က ၄၀ ကျော်ရှိတယ်လို့ မဟာရတ်ရှ်ထရာ ပြည်နယ် ရဲမင်းကြီးက ပြောပါတယ်။

ဒီလို အခြေအနေတွေ ဆိုးဆိုးရွားရွား ဖြစ်သွားရတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ အမိန့် ထုတ်ထားတယ်လို့ ရဲမင်းကြီး ပရစ် ဗီရတ် ချာဗန် က ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ထဲမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ပါတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် Thomas Ojea Quintana ကပြီးခဲ့တဲ့ အပါတ်ထဲမှာ ရခိုင်ပြည်နယ်ကို သွားရောက် စုံစမ်း စစ်ဆေး ခဲ့သလို၊ တူရကီနိုင်ငံခြားရေးဝန်ကြီး နဲ့အဖွဲ့ကလည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ရခိုင် လွှတ်တော်အမတ် တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လွှတ်တော်အမတ်တွေက VOA ကို ပြောပါတယ်။
XS
SM
MD
LG