သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးလက်နက်ကာကွယ်ရေး ရေဒါစနစ်သစ်ထားရှိဖို့ အမေရိကန်နဲ့ ဂျပန်သဘောတူ


အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ ဂျပန်ကာကွယ်ရေး ဝန်ကြီး တို့ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ စက်တင်ဘာ ၁၇၊ ၂၀၁၂။
အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ ဂျပန်ကာကွယ်ရေး ဝန်ကြီး တို့ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ စက်တင်ဘာ ၁၇၊ ၂၀၁၂။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ခြိမ်းခြောက်မူကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး ဂျပန်နိုင်ငံ ပိုင်နက်ထဲမှာ ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်သစ် ထားရှိဖို့ သဘောတူလိုက်ကြပါပြီ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က အစည်းအဝေးပြီးတဲ့နောက် တနင်္လာနေ့မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တား (Leon Panetta) နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး ဆတို့ရှိ မိုရိမို့တို့ (Satoshi Morimoto) တို့ရဲ့ သဘောတူညီချက်ကို ထုတ်ပြန်ကြေညာလိုက်တာပါ။

အဲဒီ ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်သစ် X band radar ဟာ ဂျပန်နိုင်ငံကို ကာကွယ်ဖို့ ဖြစ်သလို အမေရိကန်နိုင်ငံကို ကာကွယ်ဖို့လည်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပန်နက်တားက ပြောပါတယ်။ ဒီစနစ်ဟာ တရုတ်နိုင်ငံကို မရည်ရွယ်ထားဘူးဆိုတာကိုလည်း ပန်နက်တားက အလေးအနက်ပြောခဲ့ပါတယ်။

ရေဒါစနစ်ထားရှိမယ့် နေရာအတွက်တော့ မရွေးချယ်ရသေးဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီး မိုရိမို့တို့ကပြောပါတယ်။

အဲဒီဒေသမှာလွှတ်ထားတဲ့ စစ်သင်္ဘောတွေပေါ်မှာ ကြိုတင်သတိပေး ရေဒါစနစ်တွေကို အမေရိကန်ပြည်ထောင်စုက ချထားပြီးသားပါ။ အခုတော့ အဲဒီသင်္ဘောတွေဟာ ဒေသတွင်း မှာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်တော့မှာဖြစ်ပါတယ်။

အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နဲ့ဂျပန်တို့ အငြင်း ပွားနေတဲ့ကိစ္စပေါ်မှာ အမေရိကန်က စိုးရိမ်မကင်းဖြစ်တယ်လို့လည်း ဒီကနေ့ တနင်္လာနေ့ တရုတ်နိုင်ငံဆီ ခရီးမဆက်ခင် မစ္စတာပန်နက်တားက ပြောခဲ့ပါတယ်။
XS
SM
MD
LG