သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး


မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်
မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်
မွတ်ဆလင်ကမ္ဘာမှာ သီတင်းပတ်တွေနဲ့ချီပြီး ပြန့်နှံ့ခဲ့တဲ့ ဗွီဒီယို ရိုက်ကူးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ အပြစ်မဲ့ မွတ်ဆလင်တွေ လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဇာတ်လမ်းကို ရိုက်ကူးခဲ့သူ Nakoula ကို အာမခံအတွက် ကြားနာမှုမတိုင်ခင် ပြည်ထောင်စုတရားရုံးကို ချက်ခြင်းလာဖို့ ဆင့်ခေါ်ထားတယ်လို့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ရှေ့နေရုံးက Thom Mrozek က ကြာသာပတေးနေ့က ပြောလိုက်တာပါ။

ဒီ ဗွီဒီယိုဇာတ်လမ်းမှာ တမန်တော်မိုဟာမက်ဟာ သတ်ဖြတ်လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ ဖောက်လွဲဖောက်ပြန်ပြုမူသူအဖြစ် ဇာတ်လမ်းဆင် ထားတာကြောင့် မွတ်ဆလင်တွေကြားမှာ ဒေါသထွက်ခဲ့ကြရပြီး အမေရိကန် ဆန့်ကျင်ရေးတွေ ဖြစ်ပေါ်လာခဲ့ရသလို အသက်တွေသေကျေ ခဲ့ရပါတယ်။ အမေရိကန် သံရုံးတွေ၊ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လူအုပ်ကြီးတွေက မီးရှို့တာတွေကို လည်း မြင်တွေ့ခဲ့ကြရပါတယ်။

အမေရိကန်အစိုးရက လစ်ဗျားနိုင်ငံမှာရှိနေတဲ့ ဝန်ထမ်းတွေကို လုံခြုံရေး အရ ယာယီပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့သီတင်း ပတ်ထဲမှာ ထရစ်ပိုလီကို ဝန်ထမ်းတွေ ပြန်ပြီး တာဝန် ထမ်းဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝန်ထမ်းအရေအတွက် ဘယ်လောက် များများကို ပြန်ခေါ်ထားသလဲဆိုတာနဲ့ ဒီအကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ ကို ငြင်းပယ်ခဲ့ပါတယ်။
XS
SM
MD
LG