သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နိုဘယ်လ်ဆုရရှိမှု ဥရောပ ပြည်သူ တချို့ ဘဝင်မကျ


ဘရာဇီးနိုင်ငံက EU ဥရောပ သမဂ္ဂရုံးစိုက်ရာ အဆောက်အဦး
ဘရာဇီးနိုင်ငံက EU ဥရောပ သမဂ္ဂရုံးစိုက်ရာ အဆောက်အဦး
၂၀၁၂ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် မျှော်လင့်မထားတဲ့ ဥရောပသမဂ္ဂကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ပျော်ရွှင်သူတချို့ရှိသလို စီးပွာေးရးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲ ကက်သရင်း အက်ရှ်သွန်ကတော့ ဒီဆုအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဥရောပ သံအမတ်ကြီး ကလည်း ဥရောပ သမဂ္ဂကို ထောက်ခံပေးခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စု ကို ကျေးဇူးတင်ကြောင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ကမ္ဘာကြီး ပိုမိုချမ်းသာကြွယ်ဝရေး အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပါတယ်။

ဥရောပ နိုင်ငံအများစု အစိုးရတွေကလည်း ဒီဆုကို ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ရုန်းကန်နေရတဲ့ သာမာန်ပြည်သူတချို့ကတော့ ဒီဆုရွေးချယ်မှုအတွက် အံ့အားသင့်ပြီး ရွေးချယ်မှုအတွက် စိတ်ပျက်မိတယ်လို့ ဆိုကြပါတယ်။ ယူရိုငွေကြေးဇုန်အတွင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်တာဟာ အဆီအငေါ်မတည့်တဲ့ ဟာသပြက်လုံးတခုလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
XS
SM
MD
LG