စစ်တပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေဟာ နည်းပညာကို အခြေခံတဲ့ တော်လှန်ရေးတရပ်ကို ပြောင်းလဲလာတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ခေါ် PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန် အမေရိကန် လွှတ်တော်မှာ ယူကရိန်းကို စစ်ရေးအကူအညီ ဆက်ပေးရေးကိစ္စ အခြေအတင် ဆွေးနွေးမှုတွေ ဆက်ရှိနေတာ၊ အစ္စရေး-ဂါဇာ ပဋိပက္ခ အမေရိကန်နိုင်ငံရေးအပေါ်လွှမ်းမိုးခဲ့တာ၊ အစိုးရအသုံးစရိတ် အတည်ပြုရေး သဘောကွဲလွဲတာ စတဲ့ အမေရိကန်နိုင်ငံရေး နှစ်ကုန် သုံးသပ်ချက်ကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ခရစ္စမတ်နေ့နဲ့ ခရစ္စမတ်နေ့ မတိုင်ခင်ရက်ပိုင်း အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စစ်သွေးကြွတွေကို ဆက်ပြီး ခြေမှုန်းတိုက်ခိုက်နေပါတယ်။ ယေရှုခရစ်တော် မွေးဖွားရာ Bethlehem မှာတော့ ဂါဇာပဋိပက္ခကြောင့် ကြေကွဲဝမ်းနည်းတဲ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတွေ ဆင်နွဲခြင်း မရှိပါဘူး။
အောက်တိုဘာလ ရ ရက် အစ္စရေး ဟာမတ် စစ်ပွဲ ခဲ့တဲ့အချိန်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ကအားပေးထောက်ခံနေတဲ့ အုပ်စုတွေ အမေရိကန် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ အကြိမ် ပိုများလာခဲ့ပါတယ်။ VOA ပင်တဂွန် စစ်ဌာချုပ်ဆိုင်ရာ သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပါမှာပါ။
ဟာမတ်စ် စစ်သွေးကြွတွေကို တိုက်နေတဲ့ အစ္စရေးရဲ့ ထိုးစစ်အတွင်းမှာ ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတာကြောင့် အမေရိကန် သမ္မတ Joe Biden အစိုးရ အပေါ်မှာ အမေရိကန်ပြည်သူတွေ ကန့်ကွက်လာကြပါတယ်။ VOA ထိပ်တန်း သံတမန်သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပြပေးမှာပါ။
အစ္စရေးနဲ့ ဟာမတ်စ်အကြား ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ တဘက်ကိုတဘက် စစ်ရာဇဝတ်မှုကျုးလွန်နေတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြသလို The Hague နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အရေးယူနိုင်ရေး နှစ်ဘက်စလုံးက တိုင်ကြားဖို့လည်း ပြင်ဆင်နေကြပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရေတို အစိုးရအသုံးစရိတ်ကိုပဲ အတည်ပြုပြီး မဟာမိတ်တွေကို ထောက်ပံ့ဖို့ ပျက်ကွက်တာဟာ အမျိုးသားလုံခြုံရေးအတွက် မှားယွင်းတယ်ဆိုပြီး ထောက်ပြနေပါတယ်။
အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်းလည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဟင်နရီကစ်ဆင်ဂျာ မနေ့က ကွယ်လွန်သွားပါတယ်။ သံတမန်ရေးလောကမှာ ဩဇာသက်ရောက်မှုသလို သူရဲ့ သံတမန်ရေးချဉ်းကပ်မှုပုံစံနဲ့ ကမ္ဘာ့အမြင်တွေအပေါ်မှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး ရက်ထပ်တိုးဖို့ မနေ့က တနင်္လာနေ့မှာ သဘောတူလိုက်ပြီး သဘောတူတဲ့အထဲမှာ ဖမ်းဆီးခံထားရသူတွေကို ထပ်ပြီး လွှတ်ပေးဖို့လည်း ပါဝင်တဲ့ အကြောင်း စေ့စပ်ညှိနှိုင်းပေးတဲ့ ကာတာနိုင်ငံက ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden အစ္စရေးလ်နိုင်ငံကို ဒီကနေ့ ရောက်သွားပါတယ်။ ခရီးစဉ်အတွင်း အစ္စရေးလ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပေမဲ့ ဂျော်ဒန်နိုင်ငံမှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုကြောင့် ပျက်သွားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အစ္စရေးနဲ့ ဂါဇာကမ်းမြှောင်က စစ်သွေးကြွတွေအကြား စစ်ရေးပဋိပက္ခ ကြီးထွားလာနေချိန်မှာပဲ အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံခေါင်းဆောင်တွေ အရေးပေါ် ဗွီဒီယိုကတဆင့် အစည်းအဝေး ဒီနေ့ ကျင်းပပါတယ်။ နေ့စဉ်သေဆုံးတဲ့ အရေအတွက်တိုးနေပြီး ဒီပဋိပက္ခအပေါ် ဥရောပနိုင်ငံတွေရဲ့ သဘောထားလည်း ကွဲလွဲလာပါတယ်။
စနေနေ့က အစ္စရေးနိုင်ငံ တောင်ပိုင်းနယ်ထဲ ဟားမတ်စ် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ပါလက်စတိုင်းဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် အီရန်ရဲ့ ထောက်ပံ့နေမှုတွေကို အများက အာရုံစိုက်လာကြပါတယ်။ လန်ဒန်ကနေ Henry Ridgwell သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနေ့ (ဗုဒ္ဓဟူးနေ့) ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်မယ့်သူတွေ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပပါလိမ့်မယ်။ VOA သတင်းထောက် Carolyn Presutti ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
ဒီနေ့ (ဗုဒ္ဓဟူးနေ့) ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်မယ့်သူတွေ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပပါလိမ့်မယ်။
အမေရိကန် လွှတ်တော် လုပ်ငန်းတွေ ဒီသီတင်းပတ်ထဲမှာ ပြန်လည်စတင်နေပြီး ထိပ်ဆုံးက စိုးရိမ်နေကြတာကတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် ဆက်အတည်ပြုနိုင်ရေး ဖြစ်ပါတယ်။ VOA သတင်းထောက် Katherine Gypson ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြမှာပါ။
ရုရှားစစ်တပ်ဟာကမ္ဘာ့ပေါ်မှာပဉ္စမမြောက်အင်အားအကြီးဆုံးစစ်တပ်အဖြစ်သတ်မှတ်ခံထားရတဲ့ စစ်တပ်ဖြစ်ပါတယ်။ယူကရိန်းကိုကျုးကျော်သိမ်းပိုက်တဲ့အချိန် အစပိုင်းမှာ အချိန်တိုတိုအတွင်းအောင်မြင်မယ်လို့ ယူဆခဲ့ပေမဲ့သမ္မတပူတင်မျှော်မှန်းသလိုဖြစ်မလာခဲ့ပါဘူး။ရုရှားရေးရာကျွမ်းကျင်သူတွေရဲ့အမြင်ကိုကိုသိန်းထိုက်ဦးပြောပြပါမယ်။
လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို မနေ့က Winsconsin ပြည်နယ် Milwaukee မြို့ မှာ ကျင်းပပြီး ကိုယ်စားလှယ်လောင်း ၈ ယောက် ပါဝင် ဆွေးနွေးပွဲပါတယ်။ VOA သတင်းထောက် Steve Herman ရဲ့ သတင်းပေးချက်နဲ့အတူ ကိုသိန်းထိုက်ဦး စုစည်း တင်ပြပါလိမ့်မယ်။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေ ပထမဆုံး အကြိမ် စကားစစ်ထိုးပွဲ ဒီနေ့ ကျင်းပပါမယ်။ ပါတီတွင်း သမ္မတလောင်းအဖြစ် ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်း Donald Trump ကတော့ စကားစစ်ထိုးပွဲမှာ သူဝင်ပါမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စု မက်ဆာချိးဆက်ပြည်နယ် ဘော်စတွန်မြို့က ကုမ္ပဏီတခုက အကြားအာရုံ အမြင်အာရုံ ချို့တဲ့သူတွေ တယောက်တည်း နေရင်လည်း သတင်းအချက်အလက်တွေ ရနိုင်မယ့် ဆက်သွယ်ရေး စက်ရုပ် လက်တခုကို တီထွင်ထားပါတယ်။ VOA သတင်းထောက် Tina Trinh ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြမှာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မန မှော်မှာ မြေပြိုပြီး ရေလှိုင်းရိုက်တာကြောင့် ပျောက်ဆုံးနေတဲ့ သူတွေကို ဒီကနေ့ ဆက်လက်ရှာဖွေရာမှာ နောက်ထပ် အလောင်း ၈ လောင်း ထပ်မံ တွေ့ရှိပါတယ်။ ပျောက်ဆုံးစာရင်း ပေးသွင်းထားတာ ၃၆ ဦး ရှိပြီး လောလောဆယ်မှာတော့ ၃၃ လောင်းရှာဖွေ တွေ့ရှိထားတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်