သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အစီအစဉ်တရပ်အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်က စွန့်ပစ်ပစ္စည်း ဝယ်ယူတဲ့ ကုမ္ပဏီတခုကနေ ခရစ်စမတ်သစ်ပင်နဲ့ စွန့်ပစ်အမှိုက် လဲလှယ်ပေးနေပါတယ်။
အစ္စရေးအနေနဲ့ ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ ရပ်တည်ချက်အပေါ် အမေရိကန်က ဆက်လက်ဆုပ်ကိုင်ထားပေမယ့်လည်း ပါလက်စတိုင်း အရပ်သားတွေ ဘေးအန္တရယ်မကျရောက်အောင် အရေးကြီးကြောင်း အမေရိကန်က ထပ်လောင်း ပြောဆိုပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဒီတပတ်သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ Tuscaloosa city အယ်လ်ဘားမား တက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲအကြောင်း တင်ပြပေးပါမယ်။
ရီပတ်ဘလစ်ကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လိုသူတွေရဲ့ စတုတ္ထနဲ့ ဒီနှစ်အတွင်း နောက်ဆုံးအကြိမ်မြောက် စကားစစ်ထိုးပွဲ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ Tuscaloosa city အယ်လ်ဘားမား တက္ကသိုလ်မှာ ကျင်းပမှာပါ။ VOA သတင်းထောက် Carolyn Presuti ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ စွန့်ဦးတီထွင်သူ တဦးဖြစ်တဲ့ မဧမြမြဖူး ကို ကိုအောင်အောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယပိုင်းမှာတော့ YSEALI အစီအစဥ်အကြောင်း မဧမြမြဖူး က ရှင်းပြပေးထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲဖို့နဲ့ ပတ်သတ်ပြီး ဂါဇာဒေသကို ထိုးစစ်ဆင်တဲ့အခါ အရပ်သား ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုးပမ်းသွားမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
အစ္စရေးနဲ့ ဟားမတ်စစ်သွေးကြွအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်းအရ တနင်္ဂနွေနေ့က ပြန်လွှတ်မြောက်လာတဲ့ ဓားစာခံတွေထဲမှာ အစ္စရေးနွယ်ဖွား အမေရိကန် နိုင်ငံသားဖြစ်တဲ့ ၄ နှစ်အရွယ် မိန်းခလေးငယ် တဦးလည်း ပါဝင်ပါတယ်။ Veronica Balderas Iglesias ရဲ့ သတင်းလွှာကို ကိုအောင်အောင် ပြောပြပါလိမ့်မယ်။
အရှေ့တောင်အာရှ ဒေသတွင်းက လူငယ်တွေ ခေါင်းဆောင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လူငယ်အချင်းချင်းကြား ချိတ်ဆက်မိစေဖို့ ရည်ရွယ်ပြီး အမေရိကန်အစိုးရက YSEALI အစီအစဥ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီအစဥ်အစဥ်မှာ ပါဝင်တဲ့ မဧမြမြဖူး ကို ကိုအောင်အောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဟာမတ်စ်တွေ ဖမ်ဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းနေကြရာကနေ အစ္စရေးထိုးစစ် ယာယီဆိုင်းငံ့ဖို့နဲ့ ဂါဇာဒေသခံတွေအတွက် အထောက်အပံ့ပစ္စည်းတွေ ပိုပြီး ပို့ဆောင်ခွင့် ရလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အခုလို သဘောတူညီဖို့ အပြီးသတ် မညှိနှိုင်းရသေးဘူးလို့ ၂ ဘက်တာဝန်ရှိသူတွေက ပြောထားတာပါ။
ဟာမတ်စ်တွေ ဖမ်ဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့ အစ္စရေးနဲ့ ဟမတ်စ်ကြား ညှိနှိုင်းနေကြတယ်လို့ နာမည်ကျော် အမေရိကန် သတင်းစာတစောင်မှာ ရေးသားဖေါ်ပြထားပါတယ်။ VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်တင်ပြထားပါတယ်။
အမျိုးသမီးတွေ သန္ဓေသားဖျက်ချခွင့်ကို ထောက်ခံတဲ့ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေဟာ ပြည်နယ်အချို့မှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ကြပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဟမတ်စ်တွေကို အပြီးတိုင် ချေမှုန်းပြီးသွားတဲ့အထိ ဂါဇာကို ထိုးစစ်ဆင်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောထားပေမယ့်လည်း ဓါးစာခံ ၂၀၀ လောက် ပြန်လွတ်လာဖို့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အီတလီမှာ နေထိုင်တဲ့ ကိုနိုင်လင်းအောင် ဟာ စားဖိုမှူးလုပ်ရင်း မြန်မာအစားအစာတွေနဲ့ အီတလီနိုင်ငံသားတွေကို မိတ်ဆက်ပေးနေပါတယ်။ အခု ဒုတိယပိုင်းမှာ အကြော်မျိုးစုံ ရောင်းချဖို့ ဘယ်လို စတင်အကောင်အထည်ဖေါ်ခဲ့တယ် ဆိုတာ ပြောပြထားပါတယ်။ ကိုအောင်အောင် က ရေမြေခြားမှ ရုပ်ပုံလွှာအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဂါဇာဒေသက တိုက်ပွဲတွေ ရပ်စဲဖို့နဲ့ ပတ်သတ်ပြီး အာရပ်ခေါင်းဆောင်တွေနဲ့ သဘောထား မတိုက်ဆိုင်ပေမယ့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်တွေအတွက် ထိုးစစ် ဆိုင်းငံနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် ကြိုးပမ်းနေပါတယ်။
ဂါဇာဒေသက တိုက်ပွဲတွေ ရပ်စဲဖို့နဲ့ အာရပ်ခေါင်းဆောင်တွေနဲ့ သဘောထား မတိုက်ဆိုင်ပေမယ့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်တွေအတွက် ထိုးစစ် ဆိုင်းငံနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် ကြိုးပမ်းနေပါတယ်။ ဗွီအိုအေသတင်းထောက် Veronica Balderas Iglesias သတင်းကို ကိုအောင်အောင်တင်ပြပေးထားပါတယ်။
အခုသီတင်းပတ် သုတစုံလင်အမေရိကန်တခွင် အစီအစဥ်မှာ အနှစ် ၂၀ ကာလအတွင်း DV အစီအစဥ် ၃ ကြိမ်လျှောက်ထားပြီးမှ ရွေးချယ်ခံရတဲ့ မစင်ဒီထွန်းက အမေရိက ရောက်လာပြီးနောက် ဘဝရပ်တည်ရေးအတွက် ဘယ်လမ်းကြောင်း ရွေးချယ်ခဲ့လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကို အောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ဂါဇာဒေသမှာ အစ္စရေးက စစ်ရေးအရှိန်မြှင့်နေချိန်မှာပဲ အပြစ်မဲ့အရပ်သားတွေ စစ်ဘေးဒဏ်မခံရရေး အမေရိကန်ပြည်ထောင်စုက ထပ်လောင်းတောင်းဆိုပါတယ်။ ဟာမတ်စ်တွေကို ချေမှုန်းဖို့ အစ္စရေးရဲ့ စစ်ဆင်ရေးဟာ အောင်မြင်နိုင်ခြေနည်းပါးတယ်လို့လည်း စစ်ရေးကျွမ်းကျင်သူတွေက သတိပေးပါတယ်။
"DV အစီအစဉ်နဲ့ အမေရိကန်အတွေ့အကြုံ (အပိုင်း-၁)" အနှစ် ၂၀ ကာလအတွင်း DV အစီအစဥ် ၃ ကြိမ်လျှောက်ထားပြီးမှ ရွေးချယ်ခံရတဲ့ မစင်ဒီထွန်းက DV အစီအစဥ်နဲ့ ပတ်သတ်ပြီး သူ အတွေ့အကြုံတချို့ကို ပြန်လည် ပြောပြထားပါတယ်။ ကို အောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
အီတလီမြောက်ပိုင်းက နာမည်ကျော် Como (ကိုမို) ရေကန်ကြီးနဲ့ မဝေးလှတဲ့ Bergamo (ဘယ်ဂါမို) မြို့မှာ နေထိုင်ရင်း ကိုနိုင်လင်းအောင်ဟာ သူစားဖိုမှူးလုပ်တဲ့ စားသောက်ဆိုင်မှာ မြန်မာအစားအစာတွေနဲ့လည်း အီတလီနိုင်ငံသားတွေကို မိတ်ဆက်ပေးနေတာပါ။ ကိုအောင်အောင်က အီတလီကို သွားရောက်ရိုက်ကူးပြီး တင်ဆက်ထားပါတယ်။
အစ္စရေး ဟမတ်စ် စစ်ပွဲ အရှိန်မြှင့်လာတာနဲ့အမျှ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ စစ်ရေးအင်အား တပ်ဖြန့်ချထားတာဟာ စစ်ပွဲအရှိန် ဒေသတွင်း ကူးစက်ပျံ့နှံ့လာမှာကို တားဆီးဖို့အတွက်သာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောထားတာပါ။
နောက်ထပ်ကြည့်ရှုရန်