သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့အခွင့်အရေးတောင်းဆိုသူတွေ ဝါရှင်တန်ကိုချီတက်


လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ရေးမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့Edmund Pettus Bridge ပေါ်မှာချီတက်နေတဲ့ လှုပ်ရှားတက်ကြွသူများ။
လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ရေးမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့Edmund Pettus Bridge ပေါ်မှာချီတက်နေတဲ့ လှုပ်ရှားတက်ကြွသူများ။

အမေရိကန်ပြည်ထောင်စုမှာ တန်းတူအခွင့်အရေးမရှိသေးဘူးဆိုတာကို မီးမောင်းထိုးပြဖို့အတွက်လို့ဆိုပြီး ပြည်သူ့အခွင့်အရေးလှုပ်ရှားသူတွေက
၁,၃၈၅ ကီလိုမီတာအကွာအဝေးရှိတဲ့ Alabama ပြည်နယ် Selma မြို့ကနေ ဝါရှင်တန်ဒီစီကို ချီတက်ပွဲကို တနင်္ဂနွေနေ့က စတင်ခဲ့ကြပါတယ်။
လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ရေးမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့ Edmund Pettus တံတားကစပြီး ရက်ပေါင်း (၄ဝ) နဲ့ ညပေါင်း (၄ဝ) ချီတက်ပွဲကို
စတင်ခဲ့ပြီး စက်တင်ဘာလ (၁၅) ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

သူတို့ကိုယ်သူတို့ “တရားမျှတမှုအတွက် အမေရိကန်ရဲ့ခရီး” လို့ အမည်ပေးထားတဲ့ ချီတက်ဆန္ဒပြပွဲ အစမှာ သိက္ခာတော်ရ Theresa Dear က
သူတို့အနေနဲ့ ခရစ်ယာန်သမ္မကျမ်းထဲကအတိုင်း ဆောင်ရွက်ရတာဖြစ်တယ်လို့ ဒေသထုတ် သတင်းစာတစောင်ကိုပြောကြားခဲ့ပါတယ်။

အခုခရီးရှည်ချီတက်ပွဲအတွက် ၁၉၆၅ ခုနှစ်က မဲပေးဖို့အခွင့်အရေးလှုပ်ရှားသူတွေ ချီတက်ခဲ့တဲ့အတိုင်း အပိုင်း (၁၆) ပိုင်းခွဲထားပြီး တပိုင်းကို ၅၄ မိုင် သတ်မှတ်ထားပြီး ပထမပိုင်း ၅၄ မိုင်မှာ ဆန္ဒပြသူ ဦးရေ (၂ဝဝ) ကျော်ဟာ ပါဝင်ချီတက်ခဲ့ကြပါတယ်။

အမေရိကန်မှာ အသားအရောင်မခွဲခြားဘဲ တန်းတူမဲပေးပိုင်ခွင့်ဥပဒေပြဌာန်းခဲ့တဲ့ အနှစ် ၅ဝ ပြည့်အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ပြီး ဒီချီတက်ပွဲကို အသားအရောင်စုံပြည်သူများတိုးတက်ရေးအဖွဲ့က စီစဉ်ခဲ့တာဖြစ်ပြီး အခုအခြေအနေက ဥပဒေပါအချက်တွေကို ခြိမ်းခြောက်နေလို့
ချီတက်ရတာဖြစ်တယ်လို့ ဆိုပါတယ်ရှင်။

XS
SM
MD
LG