သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် တိုက်ခိုက်မှု ပါကစ္စတန်ကို စွပ်စွဲ


အာဖဂန်မှာ တိုက်ခိုက်မှု ဖြစ်
အာဖဂန်မှာ တိုက်ခိုက်မှု ဖြစ်

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွှတ်တော်အဆောက်အအုံသစ်မှာ ပြည်ထဲရေးဝန်ကြီး မိန့်ခွန်းပြောကြားဖို့ စီစဉ်နေချိန် တာလီဘန်အဖွဲ့တွေ က ရော့ကတ်ဒုံးကျည်နဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ထိခိုက်ပျက်စီးမှုကတော့ အနည်းငယ်သာရှိခဲ့တယ်လို့ အာဖဂန်အထက်လွှတ်တော်အမတ် Nessar Aris က သတင်းထောက်တွေကို ပြောပါတယ်။ လွှတ်တော်အဆောက်အအုံကနေ ကိုက်ရာနဲ့ချီအကွာ တောင်ကုန်းတခုပေါ်ကနေ တာဝေးပစ်ရော့ကတ်ဒုံးကျည်နဲ့ သုံးကြိမ် ပစ်လွှတ်ခဲ့တယ်လို့ အကြီးတန်း လုံခြုံရေးအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ခုလို အာဖဂန်နစ္စတန်နိုင်ငံတွင်း တာလီဘန်သူပုန်တွေရဲ့ လှုပ်ရှားမှုတွေ တိုးလာနေရတာဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက စစ်ထောက်လှမ်းရေး အေဂျင်စီက နောက်ကနေ ပါဝင်ပတ်သက်နေတာကြောင့် ဖြစ်တယ်လို့ အာဖဂန်နစ္စတန် ထောက်လှမ်းရေး အကြီးအကဲက တိုက်ရိုက် စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ရာသီဥတု ပိုနွေးလာမယ့် ရှေ့လပိုင်းတွေအတွင်း တာလီဘန်အဖွဲ့ဟာ အကြမ်းဖက်လှုပ်ရှားမှုတွေကို ရှေ့ဆက် တိုးမြင့်လုပ်ဆောင်လာဖို့ ရှိနေတယ်လို့ အာဖဂန်နစ္စန် နိုင်ငံတော် လုံခြုံရေးအဖွဲ့ ယာယီအကြီးအကဲ Massoud Andarabi ဒီကနေ့ လွှတ်တော်အမတ်တွေကို အာဖဂန်အောက်လွှတ်တော်မှာ ပြောကြားသွားပါတယ်။ အာဖဂန်လုံခြုံရေး အကြီးအကဲရဲ့ အခု စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်လို့ ပါကစ္စတန်အစိုးရ အရာရှိတွေဘက်ကတော့ ချက်ချင်း တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

XS
SM
MD
LG