သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ဆေးရုံ ဗုံးကြဲတာ စစ်ရာဇဝတ်မှု မမြောက်


အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် ဗိုလ်ချုပ်ကြီး Joseph Votel သောကြာနေ့ ပင်တဂွန်စစ်ဌာန ချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ (ဧပြီ ၂၉၊ ၂၀၁၆)
အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် ဗိုလ်ချုပ်ကြီး Joseph Votel သောကြာနေ့ ပင်တဂွန်စစ်ဌာန ချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ (ဧပြီ ၂၉၊ ၂၀၁၆)

အာဖဂန်နစ္စတန်နိုင်ငံမှာ မနှစ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က လုပ်ကိုင်နေတဲ့ ဆေးရုံတခုကို ထိမှန်ပြီး လူ(၄၂)ဦး သေဆုံးခဲ့ရတဲ့အတွက် ဒီလုပ်ရပ်မှာ အရာရှိ(၁၆)ဦးကို အမေရိကန် စစ်တပ်က စည်းကမ်းအရ အရေးယူလိုက် ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှု မဟုတ်ဘူးလို့လဲ ဆုံးဖြတ်ထားပါတယ်။

ဒီ မတော်တဆဖြစ်မှုကို စစ်ဆေးရာမှာ သာမန်ထက်လွန်ကဲတဲ့ တင်းမာမှုအခြေနေမှာ စစ်လက်နက် ချို့ယွင်းမှုတွေကြောင့် ကံဆိုးမိုးမှောင် ကျခဲ့ခြင်းသာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် ဗိုလ်ချုပ်ကြီး Joseph Votel က သောကြာနေ့ ပင်တဂွန်စစ်ဌာန ချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီလေကြောင်း တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုတခု မဟုတ်ကြောင်းနဲ့ ဒီဖြစ်ရပ်မှာပါတဲ့ အမှုထမ်းတွေကလဲ သူတို့ပစ်မှတ်ထားတဲ့ အရာဟာ ဆေးရုံတခု ဆိုတာ မသိခဲ့ရဘူးလို့ သူကပြောပါတယ်။

တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမျိုးမဟုတ်ဘူးဆိုတဲ့ အချက်ကြောင့်၊ ဒါဟာ စစ်ရာဇဝတ်မှု မမြောက်ဘူးလို့ Votel က ပြောပါတယ်။ စုံစမ်းတွေ့ရှိချက်တွေ ဟာ နိုဝင်ဘာလထဲ အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့တဲ့ ပဏာမ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ကွဲလွဲမှု မရှိပါဘူး။ စစ်တပ်က ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေထဲမှာ စာနဲ့သတိပေးတာ၊ ရာထူးတိုးမှုရပ်ဆိုင်းတာ၊ တာဝန်ထမ်းဆောင်ခွင့် ရပ်နားထားနိုင်တာမျိုးတွေ ပါပါတယ်။ အရေးယူခံရတဲ့ ၁၆ဦးထဲမှာ ဗိုလ်ချုပ်တဦးလဲ ပါဝင်ပါတယ်။

XS
SM
MD
LG