သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်စစ်တပ်ကို အမေရိကန်အပြစ်တင်


ရာမာဒီမြို့က ထွက်ပြေးလာကြတဲ့ ဆွန်နီ စစ်ဘေးဒုက္ခသည်များ (မေ ၂၄၊ ၂၀၁၅)
ရာမာဒီမြို့က ထွက်ပြေးလာကြတဲ့ ဆွန်နီ စစ်ဘေးဒုက္ခသည်များ (မေ ၂၄၊ ၂၀၁၅)

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင်တွေ စစ်ရေးအရ အောင်မြင်မှုတွေ ရလာနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အရာရှိတွေက အီရတ်အစိုးရ တပ်ဖွဲ့တွေကို အပြစ်တင်လိုက်ပါတယ်။

ဆီးရီးယား နယ်စပ်အနီးက နယ်ခြားစောင့်တပ်ဖွဲ့ကို စစ်သွေးကြွတွေက သိမ်းပိုက်လိုက်ပြီး ရာနဲ့ချီတဲ့သူတွေကို သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အဲဒီလို စွပ်စွဲ ပြောဆိုလိုက်တာပါ။

Palmyra မြို့ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပိုင်း IS အဖွဲ့က လူပေါင်း ၄ဝဝ ကို သတ်ဖြတ်လိုက်ပြီး ဖြစ်တယ်လို့ ဆီးရီးယား အစိုးရပိုင် သတင်းမှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်း အီရတ်နိုင်ငံအတွင်းမှာတော့ IS အဖွဲ့က Al-Walid ဆိုတဲ့ နယ်ခြားမြို့ကလေးကို လွန်ခဲ့တဲ့ ၂၄ နာရီကျော်က သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပိုင်း အစိုးရတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေဟာ Anbar နယ်ထဲက မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် တန်ပြန် ထိုးစစ်ဆင်မှုတွေ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် IS အဖွဲ့ ဖြစ်ပေါ်လာအောင် အီရတ်နိုင်ငံက လုပ်ဆောင်ခဲ့တယ်ဆိုပြီး တနင်္ဂနွေနေ့က ထုတ်လွှင့် ပြသခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းတခုအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် တပတ်လောက်တုန်းက Ramadi မြို့ကို IS အကြမ်းဖက် အဖွဲ့က သိမ်းပိုက်လိုက်နိုင်တာကို ကြည့်ခြင်းအားဖြင့် အီရတ်တပ်ဖွဲ့တွေဟာ တိုက်ခိုက်ချင်စိတ် မရှိဘူးဆိုတာ ပြသနေတယ်လို့ CNN ရုပ်မြင်သံကြားဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ဝန်ကြီး ကာတာက ပြောပါတယ်။

XS
SM
MD
LG