သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံ လေကြောင်းတိုက်ခိုက်မှု ကန်စုံစမ်းမည်


Kunduz မြို့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ ဆေးရုံကို အမေရိကန်လေကြောင်းတိုက်ခိုက်မှု ခံရပြီး မြင်တွေ့ရပုံ။
Kunduz မြို့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ ဆေးရုံကို အမေရိကန်လေကြောင်းတိုက်ခိုက်မှု ခံရပြီး မြင်တွေ့ရပုံ။

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းက ဆေးရုံကို အမေရိကန်နိုင်ငံကနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ကို ပွင့်လင်းမြင်သာတဲ့ အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာ ဖြစ်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

အခုလို အာဖဂန်နစ္စတန်နိုင်ငံက Kunduz မြို့မှာရှိတဲ့ဆေးရုံကို တိုက်ခိုက်မှုအပေါ် နိုင်ငံတကာ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနေတဲ့ MSF နယ်စည်းမခြား ဆရာဝန်များအသင်းက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဆေးရုံဝင်းထဲကနေ တာလီဘန် တိုက်ခိုက်ရေးသမားတွေက ပစ်ခတ်ခဲ့ကြတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောဆိုနေမှုအပေါ် MSF က ငြင်းဆိုနေပါတယ်။

ဒီဆေးရုံနဲ့ပတ်သက်ပြီး ရရှိထားတဲ့ သတင်းတွေဟာ ရှုပ်ထွေးမှုတွေရှိနေပြီး အချက်လက်တွေကို အခြေခံပြီးတော့ လုပ်ဆောင်တာ ဖြစ်ကြောင်း ဒီဒေသအတွင်း ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာအကူညီတွေပေးဖို့ ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

စနေနေနေ့က တိုက်ခိုက်မှုအတွင်း ဆေးရုံဝန်ထမ်း ၁၂ ယောက်နဲ့ လူနာ ၁၀ ယောက် သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့ကပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးတွေလည်းပါဝင်တယ်လို့ ပြောပါတယ်။ ဒီလို ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖေါက်တဲ့ လုပ်ရပ်ဖြစ်သလို ဆေးရုံဝင်းအတွင်းကနေ လှမ်းပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်တာမျိုးရှိတယ် ဆိုပြီးတော့ ဘယ်ဆေးရုံ အမှုထမ်းကမှ ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနကတော့ အရေအတွက် ၁၀ ယောက် ကနေ ၁၅ ယောက်အထိရှိတဲ့ သူပုန်တွေဟာ ဆေးရုံအတွင်းမှာ ခိုနေတယ်လို့ ပြောပါတယ်။ အဖဂန်နစ္စတန်နိုင်ငံရဲ့ မြောက်ပိုင်း Kunduz ခရိုင် ယာယီ အုပ်ချုပ်ရေးမှူး Hamdullah Danishi က ဆေးရုံးဝန်းရဲ့ ၁ဝဝ% ကို တာလီဘန်သူပုန်တွေက အသုံးချနေတာဖြစ်တယ်လို့ Washington Post သတင်းစာကို ပြောဆိုပါတယ်။

ဆေးရုံမှာ ကျယ်ပြောတဲ့ ခြံဝင်းကြီးရှိပြီး အဲဒီမှာ တာလီဘန်တွေက နေရာယူထားတာဖြစ်တယ်၊ အခုလို တုံ့ပြန်တိုက်ခိုက်မှုမပြုလုပ်ခင် အဲဒီနေရာကနေ လှမ်းပြီးတော့ ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်နေတာကို သည်းခံနေခဲ့ရတယ်လို့ ပြောပါတယ်။ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကတော့ Kunduz မြို့ကနေ ပြန်လည်ထွက်ခွာနေပြီလို့ ပြောပါတယ်။

XS
SM
MD
LG