သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ဆောင်သူ တဦး ရန်ကုန်မှာ ဖမ်းမိ


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ စစ်ဆေးနေစဉ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ စစ်ဆေးနေစဉ်။

ရန်ကုန်တိုင်း တာမွေမြိုနယ်ထဲမှာ ဖေဖေါ်ဝါရီလ မနက်၂နာရီကျော်အချိန် ရဲတွေကင်းလှည်ချိန်မှာ မသင်္ကာဖွယ်ရာ ကားတစီးနဲ့ လူတဦးကို ဖမ်းဆီးခဲ့ရာမှာ လက်နက်တလက်နဲ့ ကျည်ဆံတွေ မှတ်ပုံတင်ကဒ်ပြားတွေ နိုင်ငံကူးလက်မှတ်တွေကို တွေရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲပတ်သက်လို့ နောက်ထပ်စုံစမ်းမူတွေလုပ်နေတယ်လို့ တာမွေမြို့နယ် ရဲမူးကြီးက ဆိုပါတယ်။ မအေးအေးမာသတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း တာမွေမြိုနယ် နတ်မောက်ရပ်ကွက်မှာ ဖေဖေါ်ဝါရီလ ၆ရက်နေ့ မနက် ၂နာရီကျော် အချိန်မီးဖွင့်ပြီး၊ ရပ်ထားတဲ့ကားတစီးကို ကင်းလှည့်တဲ့ ရဲတပ်ဖွဲဝင်တွေက ရှာဖွေစစ်ဆေးရာကနေ မသင်္ကာဖွယ်လူတဦးနဲ့အတူ လက်နက် ကျည်ဆံ၊ မှတ်ပုံတင် ကဒ်ပြားများ နိုင်ငံကူးလက်မှတ်တွေကို တွေခဲ့ရတာပါ။ ဒီကိစ္စနဲပတ်သက်လို့ တာမွေမြိုနယ် ရဲမူးကြီး ခင်မောင်မြတ်ကို ဆက်သွယ်မေးမြန်း ကြည့်တဲ့ အခါမှာတော့ အခုလိုဖြေကြားပါတယ်။

ရဲမူးကြီး ခင်မောင်မြတ်။ ။ကျွန်တော်တို့ တာမွေ မြို့နယ်ထဲမှာ ညအချိန် ကားနဲ့ လာလို့ မသင်္ကာလို့ စစ်ဆေးရင်းနဲ့ တွေ့တယ်။ ဒါလောက်ပဲ ကျွန်တော်ပြောလို့ ရပါတယ်။

မအေးအေးမာ။ ။ ဟုတ်ကဲ့ရှင့်။ သူနဲ့ အတူ ပေါ့နော် ဘာတွေများ တွေ့ရသလဲ ရှင့်။ သူ့ဆီမှာ ဘာတွေများ ဖမ်းဆီးရမိသလဲရှင့်။

ရဲမူးကြီး ခင်မောင်မြတ်။ ။အဲဒါကတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။

မအေးအေးမာ။ ။ လက်နက်တွေ ဘာတွေကော ပါလားရှင့်။

ရဲမူးကြီး ခင်မောင်မြတ်။ ။လက်နက်က တစ်လက်တော့ ပါပါတယ်။

မအေးအေးမာ။ ။နိုင်ငံသား စီစစ်ရေး ကဒ်ပြားအတု ဆိုတာကော ပါလားရှင့်။ ဟုတ်လားရှင့်။

ရဲမူးကြီး ခင်မောင်မြတ်။ ။ဒါက အတုအစစ်ဆိုတာတော့ စီစစ်ရဦးမှာပေါ့လေ။ ဟုတ်ကဲ့။ လောလောဆယ်အရ ကျွန်တော်တို့က သူတို့ရဲ့ ကွင်းဆက်တွေဘာတွေ စုံစမ်းစစ်ဆေးရဦးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဘာမှ မပြောလိုပါဘူး။

ရဲမူးကြိးခင်မောင်မြတ်ကတော့ နောက်ထပ်ကွင်းဆက်တွေ စုံစမ်းနေဆဲ ကာလဖြစ်တာေွကြာင့် ပြောနိုင်သလောက်ပဲ ပြောပြရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ကပဲ လူမူကွန်ယက် စာမျက်နှာကနေ အန်အယ်ဒီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်ဆိုတဲ့ အကြောင်းတွေ ရေးသားထားမူတွေကြောင့် ရေသားသူကို အန်အယ်ဒီအနေနဲ့ တရားစွဲဆိုမယ်ဆိုပြီး ဂယက်ရိုက်ခတ်မူတွေရ ှိနေတဲ့အချိန်မှာ အခုလိုမျိုး ရန်ကုန်မြိုမှာ လက်နက်နဲ့ ကျည်ဆံတွေကိုင်ဆောင်ထားတဲ့ အသက် ၂၆နှစ်ကျော် အရွယ်လူငယ်တဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းမိသူက အလုံမြိုနယ်မှာ နေထိုင်နေတဲ့ ကိုအောင်မြတ်ကျော်လို့ သိရပြိး သူနဲ့အတူ တိုယိုတာ အမျိုးအစား ကားတစီး လက်နက်တလက်နဲ့ ကျည်ဆံအတောင့် ၇၀ကျော် မှတ်ပုံတင် ကဒ်ပြား၃ခုနဲ့နိုင်ငံကူးလက်မှတ်တခုကို တွေရှိခဲ့ပါတယ်။ သူအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ လိုင်စင်မဲ့လက်နက်ကို ကိုင်ဆောင်ထားသလဲ ဆိုတာတော့ မသိရသေးကြောင်း စုံစမ်းနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG