သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Missouri သေနတ်ပစ်သတ်ခံရမှု တရားမျှတစွာ အစိုးရစုံစမ်းစစ်ဆေးမည်


လက်နက်မဲ့ African-American ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့မှု စုံစမ်းစစ်ဆေးရာမှာ အပြည့်အဝ မျှတပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်စေရမယ်လို့ အမေရိကန်ရှေ့နေချုပ် Eric Holder က Ferguson မြို့က ပြည်သူတွေကို ကတိပြုလိုက်ပါတယ်။

ရှေ့နေချုပ် Holder ဟာ ဗုဒ္ဓဟူးနေ့မှာ Missouri ပြည်နယ် St. Louis ကိုသွားပြီး လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ FBI စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ပြည်ထောင်စု အရပ်သား အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုအတွက် တရားရေးဌာနက အပြည့်အဝကူညီဖို့ ကတိပြုထားတယ်လို့ Mr. Holder ပြောတာကို St. Louis Post-Dispatch သတင်းစာမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့မှာပဲ St. Louis မြို့မှာ ဓားကိုင်ထားတဲ့ လူမည်းတယောက်ကို ရဲကပစ်သတ်မှုတခု ထပ်ဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၉ ရက်နေ့တုန်းက Ferguson မြို့မှာ ရဲရဲ့ပစ်ခတ်မှုကြောင့် လက်နက်မဲ့ ဆယ်ကျော်သက် သေဆုံးခဲ့လို့ အကြမ်းဖက် ဆန္ဒပြနေကြတဲ့နေရာနားမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

အင်္ဂါနေ့က ပစ်ခတ်မှုမှာ မသင်္ကာသူဟာ အစားအသောက်ဆိုင်တခုက ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ ရဲကဆိုပါတယ်။ သူဟာ သူ့ကို ပစ်ဖို့ စိန်ခေါ်ပြီး ရဲအရာရှိတွေနားကို ဓားနဲ့ ချဉ်းကပ်သွားခဲ့ပုံ ရပါတယ်။ ဓားကို အောက်ချဖို့ ငြင်းဆန်ချိန်မှာ ရဲက သူ့ကို ပစ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG