သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အမျိုးသမီးတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်နေတဲ့ မူးယစ်ဆေးပြဿ နာ


၂၀၁၄ မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၂၃ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘိန်းအထွက်ကျဆင်းသွားတယ်ဆိုပေမဲ့ ထုတ်လုပ်မှုအဆင့်က ဒေသတွင်းမှာ မြင့်နေဆဲရှိတာကြောင့် မူးယစ်ဆေးပြသနာကို အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်း ဒေသတွေမှာ ခံစားကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

KWAT ခေါ် ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) ကတော့ - မြန်မာအစိုးရက ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုမရှိတဲ့အတွက် မူးယစ်ဆေးစွဲသူတွေ တိုးလာပြီး၊ အမျိုးသမီးတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG