သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြသူ ၁၂ဦး ဖမ်းဆီးခံရ


ဟောင်ကောင်ဆန္ဒပြပွဲ ရိုက်နှက်လူစုခွဲ (ဒီဇင်ဘာ ၂၀၁၄)။
ဟောင်ကောင်ဆန္ဒပြပွဲ ရိုက်နှက်လူစုခွဲ (ဒီဇင်ဘာ ၂၀၁၄)။

ရာချီတဲ့ ဆန္ဒပြသူတွေ နှစ်လကျော်ကြာအောင် သိမ်းပိုက်ထားခဲ့တဲ့ ဟောင်ကောင်က Mong Kok ဧရိယာကို ပြန်ရောက်လာတဲ့ ဒီမိုကရေစီအရေး ဆန္ဒပြသူ ၁၂ ယောက်ကို ဟောင်ကောင်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဆန္ဒပြသူတွေကို ရဲတွေက ငရုပ်ကောင်းရည် ဖျန်းပြီး၊ လက်ကိုင်တုတ်တွေနဲ့ ရိုက်နှက် လူစုခွဲခဲ့တာပါ။ ဆန္ဒပြသူတွေက ရဲတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ အတူ မှတ်ပုံတင်ကဒ် မပြနိုင်တဲ့ အတွက် စွဲချက် တင်ခဲ့တယ်လို့ ဟောင်ကောင်ရဲတွေက ကြာသပတေးနေ့က ပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြသူတွေကို ဖြိုခွဲလိုက်တဲ့အချိန်ကစလို့ ဒါဟာ ပထမဆုံးအကြီမ် ဖမ်းဆီးမှုလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဟောင်ကောင် ကိုအုပ်ချုပ်နေတဲ့ တရုတ်ပြည်မကြီးကို စိန်ခေါ်တဲ့ ဒီဆန္ဒပြမှုက လူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

၂၀၁၇ မှာ ရွေးချယ်မယ့် ဟောင်ကောင်အုပ်ချုပ်ရေးမှုးကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်လိုတာကြောင့် ဆန္ဒပြမှုတွေဖြစ်ခဲ့ရတာပါ။ တရုတ်ပြည်မကြီးကတော့ ရွေးကာက်ခံ ကိုယ်စားလှယ်လောင်းတွေအားလုံး အဆင့်ဆင့် စစ်ဆေးခံရမယ်လို့ သတ်မှတ် ထားတာပါ။

ဗြျိတိသျှ ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့ ဟောင်ကောင်ဟာ တရုတ်ပြည် အုပ်ချုပ်မှုအောက်ကို ၁၉၉၇ ခုနှစ်က ပြန်ပြီး ရောက်လာတာပါ။ တရုတ်ပြည်မကြီးမှာ ခွင့်ပြုမထားတဲ့ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရခဲ့တဲ့ ဟောင်ကောင်ကတော့ သူ့တို့ရဲ့လွတ်လပ်မှုကို သဘောကျ နှစ်ခြိုက်နေကြဆဲဖြစ်ပါတယ်။

XS
SM
MD
LG