သုံးရလွယ်ကူစေသည့် Link များ

အီဂျစ်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကန်ထောက်ခံ


အီဂျစ်သမ္မတ Abdel-Fattah el-Sissi (ဗဟို) အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry (ယာ) တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ စကားပြောနေစဉ်။ (သြဂုတ် ၂၊ ၂၀၁၅)
အီဂျစ်သမ္မတ Abdel-Fattah el-Sissi (ဗဟို) အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry (ယာ) တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ စကားပြောနေစဉ်။ (သြဂုတ် ၂၊ ၂၀၁၅)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တနင်္ဂနွေနေ့က အီဂျစ်သမ္မတ Abdel Fattah el-Sisi နဲ့တွေ့ဆုံခဲ့ပါတယ်။ အီဂျစ်အနေနဲ့ ဆိုင်နိုင်း ကျွန်းဆွယ်က အစ္စလာမ်မစ်အစွန်းရောက်တွေကို နှိမ်နင်းနေမှုကို အမေရိကန်က ထောက်ခံအားပေးတဲ့အနေနဲ့ အခုလို သံတမန်ရေးအရ တွေ့ဆုံတာဖြစ်ပါတယ်။

ကိုင်ရိုမြို့က သူတို့ှနှစ်ဦးတွေ့ဆုံပွဲမှာ မကြာသေးခင်က အီဂျစ်ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို IS တွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ပါတယ်။ အမေရိကန်အရာရှိတွေကတော့ ဝန်ကြီးကယ်ရီရဲ့ခရီးစဉ်ကိုအီရန်နဲ့ နျူကလးယားအစီအစဉ် သဘောတူညီမှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသက မဟာမိတ်တွေအနေနဲ့ စိုးရိမ်မှုမရှိဖို့ ရှင်းပြဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါတယ်။

ဗီယက်နာသဘောတူညီမှုအစီအစဉ်ကို အပြည့်အဝအကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် အီဂျစ်နဲ့ ဒေသတွင်းနိုင်ငံအားလုံးရဲ့လုံခြုံရေးဟာ ဒီထက်မက ပိုပြီးစိတ်ချလုံခြုံမှုရှိမှာဖြစ်တယ်ဆိုတာ မေးခွန်းထုတ်ဖို့တောင်မရှိဘူးလို့ အရှေ့အလယ်ပိုင်းနဲ့အရှေ့တောင်အာရှခရီးစဉ်အတွင်းတထောက်ရပ်နားတဲ့ အီဂျစ်နိုင်ငံမှာ မစ္စတာကယ်ရီကပြောပါတယ်။

ဒါ့အပြင် ဒေသတွင်းမတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားမှုတွေမှာ အီရန်နိုင်ငံပါဝင်နေတယ်ဆိုတာ အမေရိကန်နဲ့ အီဂျစ်နှစ်နိုင်ငံလုံးက လက်ခံထားတာကြောင့် အီရန်ရဲ့နျူကလီယားအစီအစဉ် ဟာငြိမ်းချမ်းရေးအတွက် အပြည့်အဝဆက်ပြီးအသုံးပြုနေတယ်ဆိုတာသေချာစေဖို့ အလွန်အရေးကြီးတယ်လို့ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukry ပါဝင်တဲ့ ကိုင်ရိုင်မြို့က ဆွေးနွေးပွဲမှာ ဝန်ကြီးကယ်ရီက အလေးအနက်ပြောခဲ့ပါတယ်။

XS
SM
MD
LG