သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်ရုပ်သိမ်းခွင့်ရှိမယ့် ဥပဒေကြမ်း


Hluttaw
Hluttaw

သြဂုတ်လ ၂၂၊ ၂၀၁၅။ မဲဆန္ဒရှင်ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကိ ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခွင့်ရှိတဲ့ Rights to Recall ဥပဒေ မူကြမ်းကို ဆွေးနွေး အတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံထားလိုက်ပါတယ်။ ရွေးကောက်ပွဲကာလ နီးပြီဖြစ်တာမို့ လက်ရှိ လွှတ်တော်သက်တမ်းအတွင်းမှာတော့ အတည်ပြုဖြစ်နိုင်ချေ မရှိတော့ပါဘူး။ Rigths to Recall ဥပဒေ အတည်မပြုနိုင်တာကြောင့် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးဆုံးရှုံးတယ်လို့ ယူဆမှုရှိသလို၊ ဒီ ဥပဒေကြမ်းမှာ အငြင်းပွားစရာအချက်တွေ ရှိတယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့တော့ ရှေ့နေကြီး ဦးအောင်သိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းတို့နဲ့ စနေ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

XS
SM
MD
LG