သုံးရလွယ်ကူစေသည့် Link များ

မင်္ဂလာဈေးမီးလောင်မှု ကျပ်သိန်းပေါင်းသုံးသောင်းကျော်ပျက်စီးဆုံးရှုံး


Myanmar Fire Services Department Government Organization
Myanmar Fire Services Department Government Organization

ဒီကနေ့မနက်အစောပိုင်းက မင်္ဂလာဈေး မီးလောင်မှုမှာာ ကကျပ်သိန်းပေါင်း ၃သောင်းကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ် ပြန်လိုက်ပါတယ်။ ဂဟေဆော်ရာကနေ ဝါယာရှောခ် ဖြစ်ကာမီးလောင်ခဲ့တာဖြစ်ပြီး အသေးစိတ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၀၀၀ကျော်မှာ ၂၀၀၀နီးပါးပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဗွီအိုအေမြန်မာပိုင်းက မေခကသတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့ပါ။ မြန်မာတနိုင်ငံလုံးကို အဓိက ကုန်စည်ဖြန့်ချိနေတဲ့ မင်္ဂလာဈေးမှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့မှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီမင်္ဂလာဈေး ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း အခုလို မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဘူးပါတယ်။ အခုတခေါက်လောင်ကျွမ်းတာဟာ အရင်ကထပ်ဆုံးရှုံးမှုပမာဏ ပိုများ ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ခန့်မှန်းခြေ သိန်းပေါင်း ၃သောင်းကျော် ပျက်ဆီးခဲ့ရပါတယ်။ မီးလောင်ကျွမ်းရတဲ့ ဖြစ်စဉ်အသေးစိတ် ကတော့ စုံစမ်းစစ်ဆေးဆဲပါ။ မီးလောင်မှုနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှုးကြီးမြင့်ထွေးက ခုလိုပြောပြပါတယ်။

"Welding ဆော်ရင်းနဲ့ ဝါယာရှော့ကနေ လောင်တယ်လို့ မီးသတ်က သုံးသပ်ပေးပါတယ်။ တတိယထပ်က စလောင်တာပါ။ အောက်က မြေညီထပ်ပါပါရင် လေးလွှာလဲ ပြောလို့ရတာပေါ့။ သူတို့တတွေမှာ တံခါးတွေ ပျက်တာပြုတာရှိရင် welding ဆော်တာတို့ ဘာတို့ လုပ်တဲ့ အနေအထားရှိပါတယ်။ အဲဒီကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ မီးသတ်က သုံးသပ်ပေးပါတယ်။ ဆိုင်ခန်းပေါင်း ၁၆၃၆ခန်း၊ အထပ်အားဖြင့်
ဒုတိယထပ်၊ တတိယထပ်၊ စတုတ္ထထပ်၊ အပေါ် ပဉ္စမထပ် လို့ ခေါ်တဲ့ စားသောက်ခန်းတွေ၊ တန်ဖိုးအားဖြင့် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၃၆၆၀၀ လောက်လို့ အကြမ်းဖျင်းသိထားပါတယ်။ ကျွန်တော်တို့က လုံခြုံရေးလုပ်တဲ့အတွက် အားလုံး ပိတ်ထားလိုက်ပါပြီ။ မီးသတ်ကလဲ အရန်ကားတွေပဲ ချန်ထားပါတယ်။ အချို့လဲ ပြန်ဆုတ်သွားပါပြီ။ မီးငြိမ်းသတ်တာကတော့ပြီးသလောက်ရှိသွားပါပြီ။"

မင်္ဂလာဈေးမှာဆိုင်ခန်းပေါင်း ၄၀၀၀ကျော်မှာ ထဝက်နီးပါးအရည်အတွက်ဖြစ်တဲ့ ဆိုင်ခန်း ၂၀၀၀နီးပါးပျက်စီးခဲ့ရပါတယ်။ ခုချိန်ထိ မီးစတင်လောင်ကျွမ်းချိန်ကို အတိအကျမပြောနိုင်သေးပါဘူး။ ခန့်မှန်းခြေ ပြီးခဲ့တဲ့ ည ၁နာရီက စတင်လောင်ကျွမ်းတယ်လို့ သိရပေမယ့် အဲဒီထက်စောတယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ ပျက်ဆီးဆုံးရှုံးမှုနဲ့ပတ်သတ်ပြီး အရေးယူမယ့်အပိုင်းတွေကို ရဲမှုး မြင့်ထွေးကအခုလိုပြောပြပါတယ်

"အရေးယူဖို့အတွက် စစ်ဆေးဆောင်ရွက်နေတာဖြစ်ပါတယ်။ အမှုဖွင့်အရေးယူမှာပါ။ အဲဒီအတွက် စစ်ဆေးဆောင်ရွက်ဆဲဖြစ်ပါတယ်။ ဆိုင်ခန်းတွေကို ဘယ်လို သန့်ရှင်းရေးလုပ်တာ၊ ဆိုင်ခန်းရှင်တွေ အပ်တာ အဲဒီလိုမျိုးအထိ ကျွန်တော်တို့က ယူပေးရမှာပေါ့နော်။ ဒီမီးတွေ ငြိမ်းပြီး အထဲကို ဝင်လို့ ရပြီ ဆိုတာနဲ့ ဈေးသာယာရေး ကော်မတီနဲ့ စည်ပင်နဲ့ ကိုလွှဲမယ်။
လွှဲတဲ့အခါကျရင် သူတို့ဆိုင်ခန်းကို သူတို့ သန့်ရှင်းရေး ပြန်လုပ်ကြမယ်။ သူတို့ဆိုင်ခန်းကို သူတို့ ပြန်ရတဲ့ အနေအထားဆိုရင် ကျွန်တော်တို့က လုံခြုံရေးကို တဖြည်းဖြည်း နဲ့ လျှော့သွားမှာပေါ့။ လက်ရှိတော့ ကျွန်တော်တို့က ဒီဝင်းကြီးရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပြီး ဆောင်ရွက်နေပါတယ်။"

ဇန်နဝါရီ ၉ ရက် ခန့်မှန်းခြေအချိန် မနက် ၁ နာရီခွဲလောက်က လောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးမီးကို မီးသတ်ယာဉ် ၁၁၅ စီး၊ ကြက်ခြေနီယာဉ် ၁၉ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရပြီးနေ့လည် ၂နာရီအထိ မီးကြွင်းမီးကျန်များကို ရှင်းလင်းနေရဆဲပါ။ ဒီမှာ မီးသတ်ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရှိမှု ရှိခဲ့ပေမယ့် ပြင်းပြင်းထန်ထန်ဒဏ်ရာရတာမရှိ ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဆိုပါတယ်။

မီးလောင်မှုကြောင့် ဆေးမျိုးစုံအဓိကရောင်းတဲ့ စတုတ္ထထပ်နဲ့ အပေါ်ဆုံးစားသောက်ဆိုင်တန်း၊ တတိယထပ်က အိမ်သုံး ပစ္စည်းရောင်း ဆိုင်တန်းတို့ အကုန်လောင်ကျွမ်းခဲ့ကြောင်း မြေညီထပ်နဲ့ ပထမထပ်ဒုတိယထပ်တွေက ကုန်ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးနိုင်တယ်လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းအတိအကျနဲ့ ဆုံးရှုံးမှု တန်ဖိုးအတိအကျကိုတော့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၀ မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားပြီးနောက် ပြန်လည်ပြင်ဆင်ထားတဲ့ဈေးသစ်မှာ အခုလိုထပ်မံမီးလောင်ကျွမ်းရတာပါ။ မင်္ဂလာဈေးနားနေ ပြည်သူတဦး ဖြစ်တဲ့ ကိုလင်းကတော့ မီးလောင်မှုနဲ့ပတ်သတ်ပြီး အခုလိုမှတ်ချက်ပေးပါတယ်။

"အေးဆေးဖြစ်သွားပါပြီ ခင်ဗျ။ မီးသတ်ကားတွေ ဘာတွေလည်း အချို့က ပြန်ကုန်ပြီ။ မီးလည်း ငြိမ်းသွားပါပြီ။ အားလုံး ငြိမ်သွားသလောက်ပဲ။ ထိခိုက် ဒဏ်ရာတော့ မီသတ်သမားတွေတော့ နည်းနည်းပါးပါး ထိသွားတယ်လို့ ကြားတယ်။ သေသေချာချာတော့ မသိဘူး။ welding ဆော်တဲ့သူတွေ အဲဒီကနေ ဝါယာရှော့ ဖြစ်တာကနေ စလောင်တာလို့ ကြားတယ်။
အခုတစ်ခေါက်က စည်ပင်နဲ့ ဝန်ထမ်းတွေ ပေါ့လျော့တာလို့ ထင်တယ်။ အရင်တခေါက်လဲ အဲလိုပဲ သူတို့ ပေါ့လျော့တာလည်း ပါမယ်လို့ ထင်တယ်။ အဓိကကတော့ အဲဒါလေ အရင်တစ်ခေါက်လည်း သူတို့ ပေါ့လျော့လို့ ဖြစ်လာလေ။ အဓိကကကတော့ စက်စနစ်ကို အဆင့်မြှင့်သင့်တယ်လို့ ထင်တယ်။ နောက်ပြီးတော့ ညစောင့်တို့ ဘာတို့ security ဝန်ထမ်းတွေလည်း စေတနာ ပါပါလေး လုပ်ပေးရင်တော့ ဒီလို အဖြစ်မျိုး မကြုံနိုင်တော့ဘူးလို့ ထင်တယ်။"

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလမ်းနှင့်စက်ရုံလမ်းထောင့်ရှိ အဆင့်မြင့်မင်္ဂလာဈေး (၄)လွှာမီးလောင်မှုမှာ မီးငြှိမ်းသတ်ယာဉ်နဲ့အကူ မီးသတ်ရေယာဉ်၊ လူနာတင်ယာဉ်ပေါင်း ၁၀၀ကျော်နဲ့ မီးငြိမ်းသတ်ခဲ့ကြရပြီး ္ဓမီးသတ်တပ်ဖွဲ့ဝင် နဲ့ ကြက်ခြေနီစုစုပေါင်း ၁၀၀၀ကျော် တို့က ကြိုးစားမီးငြိမ်းသတ်ခဲ့ကြပါတယ်။

XS
SM
MD
LG