သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနိုင်ငံတွေက မေဒေးနေ့ လှုပ်ရှားမှုများ


တိုင်ဝမ်မြို့တော် တိုင်ပေမှာ လုပ်ခလစာတိုးပေးရေး ထောင်နဲ့ချီ တဲ့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။
တိုင်ဝမ်မြို့တော် တိုင်ပေမှာ လုပ်ခလစာတိုးပေးရေး ထောင်နဲ့ချီ တဲ့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

အလုပ်သမားထုကြီးကို ဂုဏ်ပြု သတ်မှတ်ထားတဲ့ မေလ ၁ ရက် နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဒီကနေ့ တနင်္ဂနွေနေ့မှာ အာရှတလွှားက အလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးရေးနဲ့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေး တောင်းဆိုကြပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာတော့ ပွဲတော်ကျင်းပခွင့် ပိတ်ပင်ထားတဲ့ မြို့တော်ရဲ့ Taksim ရင်ပြင်ကို ဒါဇင်နဲ့ချီတဲ့လူတွေချီတက်ဖို့ ကြိုးစားတာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဒီကနေ့ အားလပ်ရက်ကတော့ အလုပ်သမားတွေကို ဂုဏ်ပြုတာဖြစ်ပြီး ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ဝါဒီတွေရဲ့ အလုပ်သမားလှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာတော့ အစိုးရရဲ့ အလုပ်သမား ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အစီအစဉ်တွေကို သောင်းနဲ့ချီတဲ့လူတွေ ချီတက်ဆန္ဒပြကြပါတယ်။ လုပ်ခလစာ တိုးပေး ရေးကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

မလေးရှား အလုပ်သမား သမဂ္ဂဥက္ကဌ Abdullah Sani ကတော့ ပစိဖိတ်သမုဒ္ဒရာ တဖက်တချက် နိုင်ငံများ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဟာ အလုပ်သမားတွေ အပေါ် သက်ရောက်မှုရှိလာမယ့်အရေး သမဂ္ဂအနေနဲ့ စိုးရိမ်တယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ အလုပ်သမားတွေဘ၀ တိုးတက်ရေးအတွက် လုပ်ခလစာ တိုးပေးရေး တောင်းဆိုကြပါတယ်။

တိုင်ဝမ်မြို့တော် တိုင်ပေမှာတော့ အလုပ်ချိန်လျှော့ပေးရေး လုပ်ခလစာတိုးပေးရေး ထောင်နဲ့ချီ တဲ့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာလည်း အလုပ်သမားတွေရဲ့ ချီတက်ပွဲတွေ ရှိခဲ့သလို ဖိလစ်ပိုင်နိုင်ငံမှာ တော့ အစိုးရအနေနဲ့ အလုပ်အကိုင်ရေးရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမှု မရှိဘူးလို့ ဆန္ဒပြသူတွေက ဝေဖန်ကြပါတယ်။

အလုပ်သမားနေ့ အခမ်းအနား လှုပ်ရှားမှုတွေမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ပုံမှန် ထိပ်တိုက်တွေ့နေ ကြဖြစ်တဲ့ တူရကီနိုင်ငံမှာတော့ မြို့တော် အစ္စတန်ဘူလ်မှာ လုံခြုံရေးတပ်သား ၂၅,၀၀၀ ခွဲလောက် ချထားမယ်လို့ စနေနေ့က မြို့တော် အုပ်ချုပ်ရေးမှူးက ပြောဆိုပြီး လမ်းအတော် များများကိုလည်း ပိတ်ထားပါတယ်။

XS
SM
MD
LG