သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ စတော့ဈေး ပြန်တက်


တရုတ် ရှမ်ဟိုင်းမြို့ စတော့ခ်ရှယ်ယာ သတင်းအချက်အလက်ပြဇယား။
တရုတ် ရှမ်ဟိုင်းမြို့ စတော့ခ်ရှယ်ယာ သတင်းအချက်အလက်ပြဇယား။

ဒီကနေ့ တရုတ်အစုရှယ်ယာဈေးဟာ အကြီးအကျယ် ကျဆင်းနေရာ ကနေ ဈေးပိတ်ခါနီး ၄၅မိနစ်လောက် အလိုမှာ ကပ်ပြီး ခုန်တက်သွားပါတယ်။ အတိုးနှုံးမြင့်တက်နေတာနဲ့ ပါတ်သက်ပြီး အမေရိကန် ဗဟိုဘဏ်က ကျားကန်ပေးနေတဲ့ လက္ခဏာတွေ တွေ့ရတာမို့ Wall Street အမေရိကန် ဈေးကွက် အခြေအနေ ကောင်းလာခဲ့ပြီးတဲ့နောက်မှာ ကြာသပတေးနေ့- အာရှ အစုရှယ်ယာဈေးတွေလည်း တက်လာခဲ့ပါတယ်။

အမေရိကန် အစုရှယ်ယာဈေးကွက်ဟာ တပါတ်လောက် ကျဆင်း နေတာ ဖြစ်ပြီး မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ အညွှန်းကိန်းက ၄ ရာခိုင်နှုံးလောက် တက်လာတာပါ။ ၅ရက်လောက် ဈေးကျနေခဲ့တဲ့ Dow Jones စက်မှု အစုရှယ်ယာတွေ ကလည်း မနေ့က ပွိုင့် ၆၁၉ အထိတက်လာခဲ့တာမို့ ဒါဟာ တတိယမြောက် အမြင့်ဆုံး အဖြစ် စံတင်ခဲ့ပါတယ်။

တရုတ်စီးပွါးရေး ကျဆင်းနေတာအတွက် စိုးရိမ်ပူပန်မှုတွေကနေ ကမ္ဘာ့ အစုရှယ်ယာဈေးကွက် ဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပါတ်လောက် အကြီးအကျယ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ စီးပွါးရေးလုပ်ငန်းတွေမှာ ငွေ ပိုမိုလည်ပါတ် စေဖို့ အတွက် တရုတ်ဗဟိုဘဏ်က ဒီသီတင်းပါတ်ထဲမှာပဲ အတိုးနှုံးကို မြှင့်တင်ခဲ့ပေမယ့် ဒီလို လုပ်ဆောင်မှုကနေ တရုတ် စတော့ဈေးကွက် တည်ငြိမ်လာရေးအတွက် ဘယ်လောက် အထောက်အကူရမယ် ဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

ကြာသပတေးနေ့မှာလည်း တရုတ်နိုင်ငံတွင်း ကုန်သွယ်မှုတွေ မတည်ငြိမ်သေး တာကို တွေ့နေရပြီး့ တရုတ်နိုင်ငံရဲ့ ပင်မ ရှန်ဟိုင်း အညွှန်းကိန်းဟာ ကျဆင်းနေရာကနေ ဈေးပိတ်ခါနီးမှာပဲ ၅ ဒဿမ ၃ အထိ မြင့်တက်ပြီး ဈေး ပိတ်သွားခဲ့ပါတယ်။ ဒါဟာ သီတင်း ၈ ပါတ်လောက် အတွင်း တရက်ထဲမှာပဲ အမြင့်ဆုံးခုန်တက် သွားတာ ဖြစ်ပါတယ်။

ဂျပန်၊ Australia နဲ့ ကိုရီးယား ဈေးကွက်တွေဟာလည်း ၁ ရာခိုင်နှုံးလောက် တက်ဈေးနဲ့ ဈေးပိတ်သွားသလို ဥရောပ ဈေးကွက်ကလည်း ကြာသပတေးနေ့ ဈေးဖွင့်ချိန်မှာ ဈေးတက်လာတာ တွေ့ရပါတယ်။

XS
SM
MD
LG