သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ သဘာဝဒဏ်ခံနိုင်ရေး စီမံကိန်းစတင်


အာရှနဲ့ အာဖရိကဒေသမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ဆင်းရဲမွဲတေစေတဲ့ တခြားအခြေအနေတွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကနဦးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပါဝင်တဲ့ အစီအစဉ်တခုကို အမေရိကန်အခြေစိုက် ဖောင်ဒေးရှင်းတခုနဲ့ အမေရိကန်အစိုးရ အေဂျင်စီတခုတို့ ပူးတွဲပြီး ကြေညာလိုက်ပါတယ်။

“တိုင်ဖုန်းမုန်တိုင်းတွေနဲ့ ငလျင်တွေကို ကျနော်တို့ တားဆီးလို့မရဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့လည်း အဲဒီဘေးဒုက္ခတွေ နောက်ပိုင်းမှာ လူတွေ ပိုပြီးတော့ မြန်မြန်ပြန်ပြီး ထူထောင်နိုင်စေဖို့နဲ့ မြန်မြန် အားကောင်းလာစေဖို့ ကျနော်တို့ လုပ်နိုင်ပါတယ်။” လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ရဲ့ ညွှန်ကြားရေးမှူးတဦးဖြစ်သူ Micheal Yates က ပြောခဲ့ပါတယ်။

USAID ဟာ Rockefeller ဖောင်ဒေးရှင်းနဲ့အတူ Global Resilience Partnership ဆိုတဲ့ အစီအစဉ်တရပ်ကို ကြေညာခဲ့တာပါ။ ခံနိုင်ရည်ရှိစေရေး စီမံကိန်းတွေထဲမှာ မုန်တိုင်းဒဏ်ခံနိုင်တဲ့ အိမ်ယာအစီအစဉ်၊ ကောက်ပဲသီးနှံ အာမခံအစီအစဉ်နဲ့ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်တွေကို ပိုပြီးတော့ လွယ်လွယ်ကူကူ ရနိုင်စေမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

စားနပ်ရိက္ခာဖူလုံရေးနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ရိုက်ခတ်ချက်၊ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိစေဖို့ အဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ လုပ်ဆောင်ပုံ အသစ်တွေနဲ့ လုပ်ဖို့ဟာ လိုအပ်ချက်တွေထဲက တခုဖြစ်တယ်လို့ Rockefeller ဖောင်ဒေးရှင်းနဲ့ USAID တို့က သတိပေးထားပါတယ်။

XS
SM
MD
LG