သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီဘူတာ ဗုံးပေါက်ကွဲမှု ၈၀ ကျော် သေ


ရဲတပ်ဖွဲ့ မှုခင်းဆေးစစ်ချက်ကျွမ်းကျင်ပညာရှင်တွေက အခင်းဖြစ်ရာကို ဓာတ်ပုံရိုက်ယူနေစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)
ရဲတပ်ဖွဲ့ မှုခင်းဆေးစစ်ချက်ကျွမ်းကျင်ပညာရှင်တွေက အခင်းဖြစ်ရာကို ဓာတ်ပုံရိုက်ယူနေစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)

တူရကီနိုင်ငံမှာ ကာဒစ်ရှ်တွေကိုထောက်ခံတဲ့ ငြိမ်းချမ်းစွာလူထုစုဝေးမှုကြီးမတိုင်ခင် နာရီပိုင်း အလို အန်ကာရာမြို့က ရထားဘူတာရုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနှစ်ခုကြောင့် လူ ၈၆ ထက် မနည်းသေဆုံးပြီး ၂၀၀ လောက် ဒဏ်ရာရသွားခဲ့ပါတယ်။

မြို့တော်အန်ကာရာရဲ့ Ulus ခရိုင်မှာရှိတဲ့ ရထားဘူတာရုံရဲ့အဓိက အထွက် ဂိတ်နား မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ အလုပ်သမားအဖွဲ့တွေနဲ့ လူထု အခြေပြုလူမှု အဖွဲ့အစည်းတွေကစီစဉ်တဲ့ လူထုစုဝေးမှုကြီးမှာ ပါဝင်ကြမယ့်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ သေဆုံးသူအရေအတွက် ထပ်တိုးလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲတွေ၊ ဒဏ်ရာရသူတွေနဲ့ ရှုပ်ယှက်ခတ်နေပြီး သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုလည်း နေရာအတော်များများမှာ တွေ့နေရပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ IS စစ်သွေးကြွ ဒါမှမဟုတ် တရားမဝင် PKK ပါတီကို ဆန့်ကျင်တဲ့ တူရကီ အမျိုးသားရေးဝါဒီတွေဖြစ်နိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းကြပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogen က - ဒီတိုက်ခိုက်မှုဟာ ကျနော်တို့ တိုင်းပြည်ရဲ့ ညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးအပေါ် တိုက်ခိုက်တဲ့ အလွန်စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ လုံခြုံရေးကိစ္စတွေလုပ်ဆောင်ဖို့ လာမယ့် ၃ ရက်အတွင်း လုပ်မယ့် အလုပ် ကိစ္စတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီ ပေါက်ကွဲမှုတွေကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ တူရကီလုံခြုံရေး တာဝန်ရှိသူတွေကပြောပါတယ်။ တူရကီအာဏာပိုင်တွေကတော့ ဒီဖေါက်ခွဲမှုတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူကမှတော့ သူတို့လက်ချက်လို့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

XS
SM
MD
LG