သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ၊ တပ်ချုပ်တို့နဲ့ ဒေါ်စုတွေ့ဆုံမှု မျှော်လင့်ချက်


ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တပ်မတော် ပါတီခေါင်းဆောင်မာျး
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တပ်မတော် ပါတီခေါင်းဆောင်မာျး

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်ရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါအရင် သူတို့သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီးဒီဇင်ဘာလ ၂ရက်နေ့မှာ တွေ့ဆုံသွားဖို့ တုန့်ပြန်လိုက်တာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့မြန်မာ့နိုင်ငံရေးအကဲခတ် တွေက သုံးသပ် ကြိုဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နိုင်ငံတော် သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော် ဥက္ကဌနဲ့ပါ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံလိုကြောင်း အနိုင်ရ NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သီးသန့်စီ စာရေးသား ပေးပို့ခဲ့တာပါ။

သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံး သွားချိန် ဒီဇင်ဘာ လကုန် ပိုင်းလောက်မှ တွေ့ဆုံနိုင်လိမ့်မယ်လို့ အစောပိုင်းမှာ အကြောင်း ပြန်ကြားထား တာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၂ ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ သွားဖို့ သမ္မတရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ နိုဝင်ဘာ ၃၀ တနင်္လာေ န့မှာ အကြောင်း ပြန်ကြားလိုက်တဲ့အတွက် တိုင်းပြည် အနာဂတ်အတွက် ကောင်း တဲ့ လက္ခဏာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် မှာ ခေတ္တနေထိုင်နေတဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စား လှယ်ဟောင်း တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ကြိုဆိုလိုက် ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကနေ စာရေးပြီးတော့ တောင်းဆိုတဲ့ ခေါင်းဆောင် ၃ဦး ထဲမှာ ၁ဦးပဲတွေ့ရပြီး ကျန်တဲ့နှစ်ဦး မတွေ့ရသေးတဲ့ ကာလလေး ရက်ပိုင်းအတွင်းမှာ ခုလို သူတို့ပြောထားတဲ့ရက်ထက် စောလာတဲ့သဘောက ဘာလဲဆိုတော့ .. အဲဒီလို သူတို့ပြောပြီးတဲ့နောက် ပေါ့နော်၊ ဒီခေါင်းဆောင် ၂ဦးကနေ စာပြန်ပြီးတော့ ပြော တဲ့နောက် ပိုင်းမှာ အနေအထားတွေကို ကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဆောင် ရွက်သလဲ ပြည်သူလူထုက ဘယ်လိုမျှော်လင့်သလဲ ဆိုတဲ့အချက်ေ တွကို မူတည်ပြီး သူတို့လေ့လာ သုံးသပ်ပြီးတော့ ငါတို့ စောတွေ့တာကတော့ ငါတို့ အတွက်ရော တိုင်းပြည်အတွက်ရော ကောင်းမယ်လို့ ယူဆပြီး မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေကို ချတယ်လို့ ထင်ပါတယ် ခင်ဗျ”

ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်တောင်းခဲ့ပြီးနောက်ပိုင်း ပြည်ထောင်စုလွှတ် တော် ဥက္ကဌဦးရွှေမန်းတဦးထဲနဲ့သာ အခုချိန်ထိ ၅ ကြိမ် တွေ့ ဆုံခွင့် ရခဲ့ပေမယ့် ဘယ်လို အကြောင်းရာတွေ ဆွေးနွေးကြသလဲဆိုတာကို နှစ်ဖက်စလုံးက ခုထိ ထုတ်ပြော တာမျိုးမရှိသေး ပါဘူး။ ဒီဇင်ဘာလ ၂ ရက်နေ့ သမ္မတနဲ့ရော တပ်ချုပ် နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံချိန်မှာ သူတို့ဆွေးနွေးပွဲအတွင်း ဘယ်လို အကြောင်းအရာတွေ လွှမ်းမိုး နေမလဲဆိုတာကို ဒေါက်တာတင့်ဆွေက အခုလို သုံးသပ်ပါတယ်။

“ပထမဦးဆုံးပေါ့လေ ဒီဇင်ဘာ ၂ရက်နေ့မှာ ခေါင်းစဉ် ၂ဦးက တွေ့မယ်ဆိုတဲ့ သတင်း ထွက်လာတဲ့ ဟာကို ကြည့်လို့ရှိရင် သမ္မတကြီးနဲ့ ကာချုပ်လည်းပဲ ဒီ ဆုံးဖြတ်ချက် မထွက်ခင်မှာ - ကြေညာချက် မထွက်ခင်မှာ တိုင်ပင်ဆွေးနွေးမှု ရှိနိုင်တယ်လို့ ကျနော် မှန်းဆမိတယ်၊ နောက် ဘာပြောကြမလဲ ဆိုတဲ့အခါမှာ သမ္မတနဲ့ တွေ့တဲ့အခါမှာ ပြောရမှာနဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့အခါ ပြောရမှာ မတူတာတွေတော့ ရှိတယ်။ သမ္မတနဲ့ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအရ ဒီ အာဏာ လွှွဲပြောင်းရေး တနည်းအားဖြင့် အစိုးရဟောင်းကနေ အစိုးရသစ် လွှဲပြောင်းရေး ကိစ္စ ကို အဓိကဦးတည်မယ်လို့ ကျနော် မှန်းဆရပါတယ်။ အဲဒါက အာဏာလွှဲပြောင်းရေး မတိုင်ခင်အထိမှာ နောက်ထပ်လဲ တွေ့ဆုံ ဆွေးနွေးရဦးမယ့် အစီအစဉ်တွေထဲက ဒါပထမဦးဆုံး ခြေလှမ်း ဆွေးနွေးပွဲ ဖြစ်လိမ့်မယ်လို့ သမ္မတနဲ့ ပတ်သက်တဲ့ အပိုင်း ကို ကျနော် ယူဆပါတယ်။ တချိန်ထဲမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ကျတော့ အလုပ် သဘော မဆန်ပဲနဲ့ နိုင်ငံရေးသဘောဆန်ဆန် တနည်းအားဖြင့် အနာဂတ် မြန် မာနိုင်ငံ ပုံဖေါ်ရေးကို ဇောင်းပေးနိုင်မယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒီတပ်မတော်ဟာ အမျိုးသား နိုင်ငံရေးမှာ ဦးဆောင်တဲ့ကဏ္ဍ ဆိုတဲ့ အခြေခံကြီးက ရှိထားတော့ ဒီပေါ်မှာ ပြုပြင်သင့်တဲ့ ကိစ္စတွေကို ဒေါ်အောင် ဆန်းစုကြည်က ပြုပြင်ဖို့ဆန္ဒ ပြောကောင်းပြောပါလိမ့်မယ်။ ပြောတဲ့အခါမှာ တကယ် ကလဲ တခါထဲ ဆွေးနွေးပွဲအပြီး အာဏာလွှဲပေးရုံနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူး ပေါ့ေ နာ်၊ နောက် ကာကွယ်ရေး ဦးစီးချုပ်က ဒီအမေရိကန် သတင်းစာကို ပြောတာက သူကအဆင်သင့်ဖြစ်နေပြီ။ ဆွေးနွေးလို့လဲ ရတယ် မေးတာတွေလဲဖြေဖို့ သူကတော့ အဆင်သင့်လို့ သူပြောထားခြင်းအားဖြင့် ဒါဟာ အင်မတန်မှ ကျယ်ပြန့်ပြီးတော့ ေ ပါ့ပေါ့ပါးပါးလဲ ပြောတဲ့ သဘောဖြစ်တော့ ဒါ အလားအလာကောင်းတယ်ပေါ့။

အဲဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စရော နောက်တခါ ဒီနေ့တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ တိုက်နေတဲ့ တိုက်ပွဲတွေရော၊ နောက် မြန်မာနိုင်ငံမှာ အရေး ကြီးဆုံးဖြစ်တဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က သူ့ရဲ့ ပထမဦးဆုံး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတော့ ဒီပေါ်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ပြောစရာတွေ အများကြီး ရှိတယ်။ ကာ ကွယ်ရေး ဦးစီးချုပ်နဲ့ကျတော့ အာဏာလွှဲပြီးတဲ့ နောက်တောင်မှ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီလို လေးနက်တဲ့ ဆွေးနွေးပွဲတွေကို ဦးတည်ဖို့အတွက် ဒါပထမခြေ လှမ်းလို့ ကျနော်ဒီလို မှန်းပါတယ်”

အခုလို နိုင်ငံ့ခေါင်းဆောင်တွေ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးကြတဲ့အခါ ယ္ခင်စစ်အစိုးရရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အာဃာတမထားဘဲ သင်ပုန်းချေရေးတွေ ကို ဆွေးနွေးနိုင်တယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်သတ်မှတ်ချိန်ထက် စောပြီး ခေါင်းဆောင်တွေကြားတွေ့ဆုံမှုကိုတော့ သူ့အနေ နဲ့ ဝမ်းမြောက်ကြိုဆိုကြောင်း ဒေါက်တာတင့်ဆွေကပြောပါတယ်။

XS
SM
MD
LG