သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia Open အမျိုးသမီးတင်းနစ် Serena ဗိုလ်စွဲ


Australian Open Tennis အမျိုးသမီးနောက်ဆုံးဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ အမေရိကန်နိုင်ငံသူ Serena Williams (ဝဲ) နဲ့ ယှဉ်ပြိုင်ဘက်`ရုရှားသူ Maria Sharapova (ယာ)
Australian Open Tennis အမျိုးသမီးနောက်ဆုံးဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ အမေရိကန်နိုင်ငံသူ Serena Williams (ဝဲ) နဲ့ ယှဉ်ပြိုင်ဘက်`ရုရှားသူ Maria Sharapova (ယာ)

Australia နိုင်ငံမှာကျင်းပနေတဲ့ Australian Open Tennis အမျိုးသမီးနောက်ဆုံးဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် (၁) အမေရိကန်သူ Serena Williams က ကမ္ဘာ့အဆင့် (၂) ရုရှားသူ Maria Sharapova ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။

Melbourne မြို့မှာ ဒီကနေ့ကစားခဲ့တဲ့ အမျိုးသမီးဖိုင်နယ်မှာ ၆-၃ ၊ ၇-၆ နဲ့ Serena အနိုင်ရရှိခဲ့တာပါ၊ Serena Williams အတွက် Australian Open ကို ၆ ကြိမ်မြောက်အနိုင်ရတာဖြစ်သလို အခုအနိုင်ရလိုက်တဲ့အတွက် သူဟာ Grand Slam ဆုကြီး ၁၉ ဆုကို ပိုင်ဆိုင်သွားပါပြီ။ လက်ရှိ အမျိုးသမီး Tennis လောကမှာ ဂျာမနီက Steffi Graf က Grand Slam ဆုကြီးပေါင်း ၂၂ ဆုနဲ့ အများဆုံးပိုင်ဆိုင်သူ စံချိန်တင်ထားပါတယ်။ အခုဆိုရင် Serena Williams က
ဒီစံချိန်ကို ချိုးနိုင်ဖို့ နောက်ထပ် Grand Slam ဆုကြီး ၃ ဆုပဲ လိုပါတော့တယ်။

အရင်က ဒုတိယနေရာမှာ နေရာယူထားတဲ့ Martina Navratilova နဲ့ Chris Evert တို့ကို ကျော်တက်ပြီး Serena ဒုတိယနေရာကို ရောက်လာပါတယ်။
သူတို့ ၂ ယောက်လုံးလည်း ဒီကနေ့ပွဲကို လာရောက်အားပေးခဲ့ကြပါတယ်။ ဒီကနေ့ ဖိုင်နယ်မှာတေ့ွကြတဲ့ Serena နဲ့ Sharapova တို့ အရင်ကစားခဲ့ဖူးတဲ့
ပွဲပေါင်း ၁၆ ပွဲမှာလည်း Serena ကပဲ အနိုင်ရခဲ့တာပါ။

Australian Open Tennis အမျိုးသားဖိုင်နယ်ကိုတော့ နက်ဖြန်တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်တဲ့အတွက် ကမ္ဘာ့အဆင့် (၁) Serbia က Novak Djokovic နဲ့ အဆင့် ၆ Scotland က Andy Murray တို့ Australian Grand Slam ဆုကြီးကို လုကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG