သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ကတ်ဘောလုံး ထိလို့ သြစတြေးလျ ကစားသမား သေဆုံး


သြစတြေးလျ ကစားသမား Phillip Hughes ။
သြစတြေးလျ ကစားသမား Phillip Hughes ။

သြစတြေးလျနိုင်ငံက ခရစ်ကက် အားကစားသမား Phil Hughes ဟာ ဒီတပတ်ထဲ ကျင်းပတဲ့ ပြိုင်ပွဲအတွင်း သူ့ဦးခေါင်းကို ခရစ်ကက် ဘောလုံး ထိမှန်ခဲ့ပြီး ဒီကနေ့မှာ သေဆုံးသွားပါပြီ ။ South Australia အသင်းနဲ့ New South Wales အသင်းတို့ ဆစ်ဒနီမြို့မှာ ယှဉ်ပြိုင် ကစားကြတုန်း ဘက်တန်က စင်ထွက်လာတဲ့ ဘောလုံးက Phil Hughes ရဲ့ဘယ်ဖက်နား အနောက်ဖက်ကို ထိမှန်ခဲ့တာပါ။

အသက် ၂၅နှစ်အရွယ် Phil Hughes ဒီနေ့ သေဆုံးသွားကြောင်း အားကစား အသင်းရဲ့ ဆရာဝန် Peter Brukner က ပြောပါတယ်။ အင်္ဂါနေ့က ခရစ်ကက်ဘောလုံး ထိမှန်ခဲ့တဲ့ Phil Hughes ဟာ သတိလစ်သွားခဲ့ပြီး အရေးပေါ်ဆောင်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ သူမကွယ်လွန်ခင် ဝေဒနာ ခံစားရတာမျိုး မတွေ့ရပေမယ့် သတိပြန်လည်လာတာမျုးိတော့ မရှိဘူးလို့ ဒေါက်တာ Brukner ကပြောပါတယ်။

ခရစ်ကက် အားကစားလောကမှာ အခုလို ဘောလုံးထိမှန်ပြီး သေဆုံးရ သူတွေထဲမှာ Phil Hughes က ဒုတိယမြောက်ဖြစ်ပြီး ပထမတဦး ကတော့ တောင်အာဖရိက ခရစ်ကက်အသင်းက Darryin Randall ဖြစ်ပါတယ်။

Phil Hughes သေဆုံးသွားပြီဆိုတဲ့ သတင်းထွက်လာပြီးနောက် သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott အပါအဝင် လူအများက ဝမ်းနည်းကြောင်း ထုတ်ဖေါ်ပြောဆိုကြပါတယ်။

XS
SM
MD
LG