သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Kaesong စက်မှုဇုန်သွားမည်


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြာသပတေးနေ့ကျရင် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာရဲ့ မြောက်ဘက်အနီးမှာရှိတဲ့ စက်မှုဇုန်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားတဲ့ Kaesong စက်မှုဇုန်ကို မစ္စတာဘန်ကီမွန်းအနေနဲ့ သွားရောက်လည်ပတ်ဖို့ စီစဉ်တာဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် တယောက်အနေနဲ့ ဆယ်စုနှစ် နှစ်စုအတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဦးဆုံး သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါလိမ့်မယ်။

ခရီးစဉ်အစီအစဉ်ကို အင်္ဂါနေ့မှာ ကြေညာခဲ့တာဖြစ်ပြီး၊ အဲဒီစက်မှုဇုန်ဟာ ကိုရီးယားနှစ်နိုင်ငံစလုံးအတွက် အောင်မြင်မှု စံနမူနာ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ကိုရီးယားအချင်းချင်း ဆက်ဆံရေး ကောင်းမွန်စေဖို့၊ ပြန်လည် ရင်ကြားစေ့စေရေးနဲ့ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှု ရရှိစေရေးအတွက် ကျနော့်အနေနဲ့ လုပ်ပေးနိုင်တာမှန်သမျှကို လုပ်ပေးလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ထပ်လောင်း ပြောချင်ပါတယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ကို တနင်္လာနေ့ ရောက်ရှိသွားချိန်မှာ မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

Kaesong ကို သွားရောက်လည်ပတ်ချိန်မှာ မစ္စတာ ဘန်ကီမွန်းဟာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေ မြောက်ကိုရီးယားနိုင်ငံသား အလုပ်သမားတွေနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီစက်မှုဇုန်မှာ တောင်ကိုရီးယားပိုင် စက်ရုံ ၁၂၀ ရှိပြီး မြောက်ကိုရီးယား နိုင်ငံသား ၅ သောင်း ၃ ထောင် အလုပ်လုပ်ကိုင်နေကြပါတယ်။

XS
SM
MD
LG